နေပြည်တော်ကောင်စီနယ်မြေရှိ မဏ္ဍပ်များသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည့် ပုံရိပ်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချူပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများလိုက်ပါ၍ နေပြည်တော်ရှိ မိသားစုမဟာသင်္ကြန်မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုရေကစားမဏ္ဍပ်များ၌ အရာရှိစစ်သည်မိသားစုများ၊ သင်္ကြန်ချစ်ပြည်သူများ၏ အတာသင်္ကြန်ပွဲတော်ပျော်ရွှင်စွာ ဆင်နွဲနေမှုများကို သွား ရောက်ကြည့်ရှုအားပေးပြီး သင်္ကြန်ချစ်သူများနှင့်အတူ အတာရေသဘင်ပွဲတော်ကိုပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း သိရှိရပါတယ်.။