စည်းစည်ကားကားသိုက်သိုက်မြိုက်မြိုက် ပြီးဆုံးခဲ့တဲ့ ၂၀၂၃ ခုနှစ် သင်္ကြန်

ထုံးစံအတိုင်း သူများပျော်လို့မပျော်နိုင်တဲ့ အသိုင်းအဝိုင်းက သင်္ကြန်ကျခါနီးမှာ နည်းအမျိုးမျိုးနှင့် ဘယ်လိုတားခဲ့ ဆီးခဲ့၊ သင်္ကြန်မစည်ကားအောင် ခြိမ်းခြောက်မှုတွေလုပ်လုပ်

သင်္ကြန်အကြိုနေ့မနက်ပိုင်းရေမပက်သေးတဲ့အချိန်တွေနှင့် ကျန်တဲ့ သင်္ကြန် ၃ ရက်ရဲ့ နေ့လည်ခင်းနားချိန်တွေကို ဓာတ်ပုံရိုက် မစည်ပါဘူးဆိုပြီး ဘယ်လောက်ပုံမှားရိုက်ရိုက် ၂၀၂၃ သင်္ကြန်ကတော့ စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက်နဲ့ လှလှပပကြီး ပြီးဆုံးသွားခဲ့ပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့ကို ရောက်ရှိခဲ့ပါပြီ…

မြန်မာပြည်သူ/ ပြည်သားများ အပါအဝင် ကမ္ဘာသူ/ကမ္ဘာသားအားလုံး နှစ်သစ်မှစ၍ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒပြည့်ပါစေကြောင်း Pct အဖွဲ့မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်…