နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များသို့ သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှနှင့်အဖွဲ့ဝင်များသည် ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များသို့ သွားရောက်၍ တပ်နယ်မိသားစုများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွဲနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဗိုလ်လောင်းများကို အတာရေများပက်ဖြန်းပေးခဲ့ကြောင်းသိရှိရပါတယ်..။