တဲရော့ဗေဒင် (Tarot) (၁)

tarot

ယခုတစ်လော ခေတ်စားနေတဲ့ တဲရော့ဗေဒင် (Tarot) အကြောင်း


ဗေဒင်ဝါသနာရှင်များ သိချင်ကြမယ်လို့ထင်ပါတယ်။တားရော့လို့လည်း အချို့ကခေါ်ဆိုကြပြီး၊ အခုနှစ်ပိုင်းမှာတားရော့ဗေဒင်ဟောစာတမ်း၊ Live stream ဟောပြောတာတွေအပြင်၊online သင်တန်းအချို့ပါဖွင့်လှစ်လာကြတာတွေ့ရှိရပါတယ်။
မြန်မာနိုင်ငံမှာ တားရော့ကို စတင်မိတ်ဆက်ပေးတဲ့သူတွေထဲမှာ ဦးငြိမ်းအောင်(ဆရာဗေဒ)၊ နဲ့ ဆရာမင်းသိင်္ခ တို့ဦးဆောင်ပါဝင်ပြီး ဆရာကြီးရန်နိုင်ဘုန်းမြင့်၊ ဆရာကြီးကောင်းသုခ၊ ဆရာဇင်ယော်နီတို့ဟာလည်း တားရော့ ပညာပြန့်ပွားရေးအတွက်စာတစ်စောင် ပေတစ်ဖွဲ့ရေးသား ပညာဒါနပြုနေကြသူများဖြစ်ပါတယ်။တားရော့ဟာရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပြီးခုနောက်ပိုင်းလူတွေ ကတော့ လှည့်လည်သွားလာနေတဲ့ ဂျစ်ပစီတွေကတစ်ဆင့် တားရော့ပညာပြန့်ပွားလာတာလို့လက်ခံထားတာဖြစ်ပါတယ်၊

တားရော့ပညာမှာပါတဲ့ ကျိုင်း/တုတ်(wands)၊ ခွက်(cups)၊ဓား (swords) ၊ ကြယ် /ဒင်္ဂါး(coins/ pentacles) စတဲ့ အသုံးအဆောင်တွေကြောင့် အိန္ဒိယတိုက်ငယ်(ဟိန္ဒူ)အငွေ့အသက်မကင်းဘူးလို့ပြောကြတဲ့သူတွေလည်းရှိပါတယ်။ခုနောက်ပိုင်းမှာတော့ တားရော့(တဲရော့)ကတ်လေးတွေကိုသုံးပြီးဗေဒင်မေးသလို ကံဇာတာမေးမြန်းတာတွ ခေတ်စားနေတာပါ။အင်္ဂလိပ်စာ ဘာသာပြန်နဲ့ စာနယ်ဇင်းလောကမှာထင်ရှားတဲ့ ဆရာဟိန်းလတ်၊ဆရာရန်နိုင်ဘုန်းမြင့်ဆရာဇင်ယော်နီ၊လူရွှင်တော် ငှက်ပျောကျော်ရဲ့ဇနီးမနေခြည်တို့ဟာ တားရော့ဟောပြောခြင်းမှာထင်ရှားသူတွေဖြစ်ပါတယ်၊ (ဆက်ရန်)