ဖိလစ်ပိုင်မီးလောင်မှုအတွင်း ကလေးငယ်နှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်အနီး၌ ဖြစ်ပွားသည့် မီးလောင်ကျွမ်းမှုအတွင်း ကလေးသူငယ်နှစ်ဦးအပါအဝင် စုစုပေါင်း လူခုနစ်ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကဧပြီ ၉ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုသည်   မြို့တော်မနီလာ၏ အရှေ့တောင်ဘက်ရှိ တေတေဒေသတွင် ဧပြီ ၈ ရက်ညပိုင်းက လူနေထူထပ်သည့် နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုအတွင်း  လူနေအိမ် ၄၀ ခန့်ပျက်စီးသွားကြောင်း  ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ သေဆုံးသူများမှာ ကျဉ်းမြောင်းသည့် တောင်ကြားလမ်းတွင်နေထိုင်သည့် မိသားစုဝင်များ ဖြစ်ကြောင်း သိရသည်။  သေဆုံးသူများတွင်  အသက်နှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၁၂နှစ်အရွယ် ယောကျ်ားလေးတစ်ဦးပါဝင်တယ်လို့လဲ သိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားချိန်တွင် သေဆုံးသူများမှာ ဘေးကင်းရာသို့ထွက်ပြေးရန်မတတ်နိုင်သောကြောင့် နောက်ဆုံးတွင် မီးလောင်မှု အတွင်း ပိတ်မိပြီးသေဆုံးရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ရှင်…။

Ref: ST