တပ်မတော်ရဲ့ အောင်မြင်နေတဲ့ စိုက်ပျိုးမွေးမြူရေး (၂)

လက်ရှိ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဗထူးတပ်နယ်ရှိ တပ်မတော်ဆေးရုံ၊ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေး တပ်ရင်း နှင့် တပ်နယ်အတွင်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သွားရောက်စစ်ဆေးစဉ်တုန်းက ဖြစ်ထွန်းနေတဲ့ စိုက်ပျိုး/မွေးမြူရေးတွေကို သတင်းစာမှာရော ည၈နာရီသတင်းမှာပါ ကျွန်မတို့ မိသားစုဝင်တွေ တွေ့ဖြစ်ကြမယ်ထင်ပါတယ်။


အဲ့ဒီတုန်းကပြသခဲ့တဲ့ စိုက်ခင်းတွေ ဖြစ်ထွန်းနေတဲ့ သီးနှံတွေဟာ အထက်လူကြီးလာစစ်ဆေးမှာကြောင့် ကောင်းပေ့ညွန့်ပေ့ဆိုတာတွေကို
ခင်းကျင်းပြသထားတာထက် တကယ်ကိုကောင်းမွန်တဲ့ သီးနှံဖြစ်ထွန်းမှုတွေကို ပြထားတာပဲဖြစ်ပါတယ်။


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စိုက်ပျိုး/မွေးမြူရေးဇုန်အတွင်း ရွှေဖရုံ၊ ဗူး၊ တိုင်ထောင်ပဲ၊ ငရုတ်၊ ရုံးပတီ၊ မုန့်ညှင်းနှင့် ခရမ်းများကို မျိုးကောင်းမျိုးသန့်များအဖြစ် အဆင့်ဆင့်မျိုးစေ့ ထုတ်လုပ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များမှ မျိုးစေ့တစ်ထုပ်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ပြင်ပပေါက်ဈေးထက် ၂၀၀၀ ကျပ်ခန့် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခြင်း၊ ရောင်းချသည့်မျိုးစေ့မှ မိသားစုများ အကျိုးအမြတ်များစွာရရှိစေခြင်း၊ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့အားလုံးသို့ မျိုးကောင်းမျိုးသန့် မျိုးစေ့များဖြန့်ဝေနိုင်ရေး အား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ပေးထားသည့် မျိုးသန့် မျိုးစေ့ ထုတ်လုပ်ရေးတပ်နှင့် ညှိနှိုင်း၍ အမြန်ဆုံး ‌ဆောင်ရွက်သွားဖို့ညွှန်ကြားခဲ့တယ်လို့လဲ သိရပါတယ်။


တိရစ္ဆာန် မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ စံပြစိုက်ပျိုးမွေးမြူရေးဇုန် စုစုပေါင်း ဧက ၅၅ ဧက အတွင်း စိုက်ပျိုးထားတဲ့
မျိုးကောင်းမျိုးသန့် သီးနှံတွေအကြောင်း အပိုင်း(၃)မှာ ဆက်လက်ဖော်ပြပါဦးမယ်ရှင်….။