PDF များက မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းရှိ တံတားအား မိုင်းထောင်ဖောက်ခွဲ

ဧပြီလ ၆ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီး မြိတ်-တနင်္သာရီ ပြည်ထောင်စုကားလမ်း မိုင်တိုင်အမှတ် ၅၀၅ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားရှိ တံတားအမှတ် ၃/၅၀၆ သံကူကွန်ကရစ်တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် အလျား ၉၀ ပေ၊ အကျယ် ၃၀ ပေခန့်ရှိ အဆိုပါ တံတား၏ ယာဘက်ခြမ်း အကျယ် ၁ ပေခွဲခန့်နှင့် တံတားကြမ်းခင်းအလယ် အရှည် ၂၀ ပေခန့်တို့တွင် ၂ လက်မ ခန့် နိမ့်ကျပျက်စီးခဲ့ကြောင်း သိရပါတယ်။