ယနေ့ခေတ်စစ်ပွဲပုံသဏ္ဍာန်သည် ဘက်စုံစစ်ပွဲအသွင် Multi Dimensional Warfare ဖြစ်

“အကြမ်းဖက်မှုကို လိုလားသူ များအနေဖြင့် တိုင်းပြည် ပြိုလဲပျက်စီးအောင် အဖက်ဖက်မှ ကြိုးပမ်းနေမှုများကို မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်တိုဖြင့် ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲကာ ကာကွယ်နိုင်ရန်လိုဟုဆို”

နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်၍ ယနေ့ခေတ်စစ်ပွဲပုံသဏ္ဍာန်သည် ဘက်စုံစစ်ပွဲအသွင် Multi Dimensional Warfare အဖြစ် အင်အားကြီးနိုင်ငံကြီးအချိုက ဖွံဖြိုးဆဲနိုင်ငံငယ်များနှင့် ဖွံဖြိုးပြီးနိုင်ငံအချိုအပေါ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။