သီတဂူ စက္ခုဒါန အဆင့်မြင့်ဆေးရုံကြီး” တည်ဆောက်ပြီးစီး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ အမှတ် ၁၀ ပင်လုံလမ်းက သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ “သီတဂူ စက္ခုဒါန အဆင့်မြင့်ဆေးရုံကြီး” တည်ဆောက်ပြီးစီးတဲ့ အထိမ်းအမှတ်အဖြစ် ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊
ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွေမှာရှိတဲ့ မျက်စိဝေဒနာရှင်ဒေသခံပြည်သူတွေကို(အခမဲ့) စမ်းသပ်စစ်ဆေးပြီးလိုအပ်ရင် ခွဲစိတ်ကုသပေးသွားမှာဖြစ်တယ်လို သိရပါတယ်။ သီတဂူဆရာတော်ဘုရားကြီးရဲ့ စက္ခုဒါနအစီအစဉ်ဟာ စတင်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကနေပြီး ဒီနေ့အထိ နိုင်ငံတစ်ဝန်းက မျက်စိဝေဒနာရှင် ၅၄၈,၅၀၄ ဦးကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး မျက်စိခွဲစိတ်ကုသမှုခံယူသူ ၁၀၅,၂၃၄ ဦးကို စက္ခုဒါန အလင်းကုသိုလ်ပြုပေးခဲ့တယ်လိုလည်း သိရပါတယ်။