မျက်လုံးထဲတက်တူးထိုး အရောင်ပြောင်းခဲ့ပြီးနောက် မျက်စိကန်းသွားတဲ့ မိန်းကလေး

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် အယ်လ် ပါဆိုက အသက် ၂၆ နှစ်အရွယ် မိန်း ကလေးဟာ မျက်လုံးတက်တူးထိုးပြီးနောက် အမြင်အာရုံဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 ဆာရာ ဆာဘ ဆိုသူ မိန်းကလေးဟာ မျက်လုံးထဲကမျက်သားအဖြူရောင်ကို အပြာရောင် မျက်လုံး တက် တူးထိုးခဲ့တာကြောင့် မျက်စိကန်းသွားပြီးနောက် အစောပိုင်းအချိန်တွေမှာ အလွန် စိတ်ဓာတ် ကျခဲ့သော်လည်းပဲ အခုတော့ နောင်တရခြင်းမရဘူးလို့ ရှင်းပြခဲ့ပါတယ်။

ဆာဘရဲ့ မျက်လုံးတွေဟာ တက်တူးထိုးပြီးနောက် ဘာဆိုဘာမှ မမြင်ရတော့ဘဲ တက်တူးပညာ ရှင်က သူမကို တက်ထူးထိုးပေးချိန်မှာ ဆားရည်အလုံအလောက်အသုံးမပြုခဲ့ ဘူးဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

အမြင်အာရုံဆုံးရှုံးရတဲ့အထိ ဖြစ်ရတဲ့ မျက်လုံးတက်တူးထိုး အရောင်ပြောင်း ခြင်းနဲ့ပတ်သက်ပြီး နောင်တရတယ်လို့ မခံစားရဘဲ သူမကို ပိုကောင်းတဲ့ သူဖြစ် လာအောင်လို့ ခံစားရစေပြီးတော့ နောက် ထပ် မျက်နှာပေါ်ကတက်တူးတွေအများအပြားကို လိုချင်နေသေးတယ်လို့လည်း ဆိုပါ တယ်။

ကျွန်မ မျက်လုံးထဲ တက်တူးထိုးတုန်းက တက်တူးဆရာက ဆားရည်ကို လုံလုံလောက်လောက် မထည့်ခဲ့ဘူး။ နောက်ပြီး ဆေးရည်တွေအများကြီးလည်း သုံးခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်မရဲ့ မျက် လုံးတက်တူးက ကျွန်မကို ကန်းသွားစေပါတယ်။ ဘာမှ လုပ်လို့ မရတဲ့ အချိန်တွေက အရမ်းကို ခက်ခဲခဲ့တယ်။ တီဗွီကြည့်လိုရမရဘူး။ လင်းတဲ့ နေရာတွေ၊ ပြင်ပမှာ နေရတာတွေကို မကြိုက်ခဲ့ဘူး။ အဲ့ဒီ အဖြစ်အပျက်ကနေ အရမ်းကို စိတ်ဓာတ်ကျ ခဲ့ရတယ်” လို့ ဆာဘ က ဆိုပါတယ်။

တစ်ကိုယ်လုံး အပ်ချစရာ နေရာမရှိလောက်အောင် ရောင်စုံထိုးထားတဲ့ တက်တူးတွေ အများကြီး နဲ့မိန်းကလေးဟာ သူမရဲ့ ပထမဆုံး တက်တူးကို အသက် ၁၄ နှစ်အရွယ်ကတည်းက စထိုးခဲ့ပြီး ခေါင်းအစခြေအဆုံး တက်တူးတွေအားလုံးကို သူမရဲ့ အသက် ၂၀ အရွယ် အစောပိုင်းအချိန်တွေမှာ လုပ်ခဲ့တယ်လို့ သိရပါတယ်။