အင်းတော်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလှန်ပျက်စီး

မနေ့က နံနက် ၄ နာရီခွဲခန့်တွင် အင်းတော်မြို့နယ်အတွင်း ၁ နာရီလျှင် မိုင် ၃၀ နှုန်းဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် သူရောင်းကျေးရွာမှ နေအိမ်အမိုးသွပ် ၆၀ ချပ်၊ တုံးလုံးကျေးရွာမှ နေအိမ်အမိုးသွပ် ၄၀ ချပ်၊ စီးမော်ကျေးရွာမှ နေအိမ် အမိုးသွပ် ၁၈၆ ချပ်၊ အုန်းဒုတ်ကျေးရွာမှ အမက စာသင်ကျောင်းမှ အမိုးသွပ် ၂၀၀ ချပ်၊ မော်လူးမြို့ နေအိမ် အမိုးသွပ် ၇၇၀ ချပ်နှင့် မော်လူးမြို့ အရန်မီးသတ်ရုံး၏ သွပ်မိုး ၈၀ ချပ် စုစုပေါင်း ၁၃၃၆ ချပ် တိုမှာ အမိုးလှန်ပျက်စီး ရှုးခဲ့ကြောင်းနှင့် လူ/တိရိစာ္ဆန်ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။