ဧပြီလ (၃)ရက်နေ့ တွေ့ရှိထူးခြား သတင်များ

🟢 သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင် အဝေးပြေးကားလမ်းမဘေးတွင် လက်လုပ်မိုင်း ၃ လုံးတွေ့ရှိ။

🔸 မကွေးတိုင်း ပေါက်မြို့နယ် သရက်လေးပင်ကျေးရွာနှင့် လယ်လန်းကျေးရွာများအနီး PDFများ၏ လက်လုပ်မိုင်းများအား လခရအဖွဲ့မှ ရှင်းလင်း။

🟢 ပဲခူးတိုင်း နတ်တလင်းမြို့ရှိ လခရအဖွဲ့များအား PDF အကြမ်းဖက်များမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

🔸 ကော့ကရိတ်မြို့နယ် ကော့ကရိတ်-ကျုံဒိုး အာရှလမ်းရှိ လျှပ်စစ်ဓါက်အားခွဲရုံ လခရအဖွဲ့များအား PDF များမှ Drone ဖြင့် ဗုံးချဖောက်ခွဲမှုပြုလုပ်။

🟢 စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာအနီး PDF အကြမ်းဖက် ၁လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ။

🔸 ချင်းပြည်နယ် ဟားခါးမြို့ ဂေါက်ကွင်း၌ ဆောက်လုပ်ရေးအထူးအဖွဲ့မှ အင်ဂျင်နီယာ ၂ဦးနှင့် ဦးစီးအရာရှိ ၁ဦးတို့အား CDF အဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွား။

🟢 သံဖြူဇရပ်-ရေးလမ်းမကြီး အောင်သာယာရွာအနီး၌ ကျား-၁ဦး ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွား။

🔸 မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် သားကျင်ကျေးရွာနှင့် ညောင်ပင်ရိုးကျေးရွာ လမ်း၌ PDF များက အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သွားကြောင်း။

🟢 ကော့ကရိတ်၊ ကျုံဒိုးနယ်ရှိ နွားခြံကုန်းကျေးရွာအနီး BGF စခန်းအား KNU/PDF များမှ Drone ဖြင့် ဗုံးချဖောက်ခွဲ။

🔸 ပခုက္ကူမြို့နယ် မြို့စိုးကျေးရွာအနီး PDF အကြမ်းဖက်များ ထောင်ထားသည့် လက်လုပ်မိုင်းများအား သိမ်းဆည်းရမိ။

🟢 မွန်ပြည်နယ် ချောင်းဆုံမြို့အနီး သံလွင်မြစ်အတွင်း ဘင်္ဂါလီ ၁၂၈ ဉီးတင်ဆောင်လာသော စက်လှေ ၁ စီးအား ဖမ်းဆီးရမိ။

🔸 ချောင်းဦးမြို့နယ် တောင်ဖီလာကျေးရွာမှ အကြမ်းဖက် PDF (၁၅)ဦးခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း။

🟢 ဧရာဝတီတိုင်း ဝါးခယ်မမြို့ပေါ်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ ပေါက်ကွဲမူဖြစ်ပွား။

🔸 စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ်(၄) ရပ်ကွက် အပြင်ဘက်တိုက်တန်း ဈေးဆိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား။

🟢 မွန်ပြည်နယ် ရေးမြို့နယ်ရှိ Mytel တာဝါတိုင်ကို PDF အကြမ်းဖက် အဖွဲ့မှ မီးရှို့ဖျက်စီး။

🔸 အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက် အကွက်(၁၄၆)၌ Online ငွေလဲလှယ်ခြင်းလုပ်ငန်းလုပ်ကိုင်သူမှ ငွေလာရောက် လဲလှယ်မည့်သူအား သတ်ဖြတ်ကာ ငွေ သိန်း(၂၀၀)နှင့် ဆိုင်ကယ်အား ယူဆောင်ထွက်ပြေး။

🟢 ရေစကြိုမြို့နယ် ဆင်ဖြူရှင်တံတားအနီး မအူရဲစခန်းအား PDF အကြမ်းဖက်များက လာရောက်ပစ်ခတ်တိုက်ခိုက်။

🔸 စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးကျေးရွာ အမှတ် (၃) ချည်မျှင်နှင့် အထည်စက်ရုံအနီး PDF များက ကျား-၁ဦးအား ပစ်ခတ်သတ်ဖြတ်။

🟢 ပခုက္ကူမြို့နယ် လက်ပံကန်-အနောက်ဘုန်းကံကျေးရွာချင်းဆက်လမ်း၌ ဘုန်းကြီးကား ၁ စီးကို PDF များမှ မိုင်းဆွဲ ပစ်ခတ်မှုကြောင့် သံဃာ ၁ ပါးနှင့် အရပ်သား ၄ ဦးဒဏ်ရာရရှိ။

🔸 မကွေးတိုင်း ပေါက်မြို့ အောင်ချမ်းသာရပ်ကွက်တွင် PDF များအား ထောက်ပံ့ပေးသူအား ဖမ်းဆီးရမိ။

🟢 မြန်မာ့ဒေသရင်း “မြန်မာငှက်လက်မ မြီးရှည်ညို” ငှက်ပုံ စာပို့တံဆိပ်ခေါင်းအသစ်ကို ဧပြီလ ၅ ရက်နေ့မှ စတင်ကာရောင်းချပေးသွားမည်ဖြစ်။

🔸 ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆင်ဂွေကျေးရွာအုပ်စု ထိပ်ပေါက်ကျေးရွာနေ တိမွေးကုလုပ်ငန်းလုပ်ကိုင်သူအား KNU/PDF များမှ သတ်ဖြတ်။

🟢 နမ့်လန်-သီပေါကားလမ်းတွင် မှန်လုံကားတစ်စီး ချောက်အတွင်းသို့ ပြုတ်ကျသဖြင့် ကားပေါ်ပါ လူ(၄)ဦးပွဲချင်းပြီးသေဆုံး။

🔸 အစားအသောက်ထုတ်လုပ်သည့် SME လုပ်ငန်းသစ်များအတွက် FDA ထောက်ခံချက် ခွင့်ပြုကာလကို(၆)လသတ်မှတ်။

🟢 မကွေးတိုင်း ပခုက္ကူမြို့နယ် ရွှေချောင်းကျေးရွာအနီး PDF အကြမ်းဖက် ၁လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ။

🔸 စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ မောက်ကြိုးကျေးရွာအနီးတွင် PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး မိုင်းစထိမှန် ဒဏ်ရာရ။

🟢 စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက်တွင် PDF အကြမ်းဖက် ၂ ဦးအား ဖမ်းဆီးရမိ။

🔸 ချင်းပြည်နယ် ဟားခါးမြို့ စစ်ဆေးရေးဂိတ်ရှိ လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေသူအား ဖမ်းဆီးရမိ။

🟢 စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ဧရာဝတီတံတား စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ။

🔸 ဧပြီလတွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေကြောင်း သင်္ဘောလိုင်း ၁၈ လိုင်းမှ ကုန်သေတ္တာတင်သင်္ဘောကြီးအစီး (၅၀) ဝင်ရောက် ဆိုက်ကပ်မည်။

🟢 သင်္ကန်းညီနောင်ရဲစခန်းကို KNU/PDF အကြမ်းဖက်များမှ ဒုတိယအကြိမ် လာရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း။

🔸 မဲဝိုင်တပ်စခန်းအနီး ကင်းပုန်းထုတ်ထားသော တပ်မတော် စစ်ကြောင်းနှင့် မိုင်းထောင်ရန်လာသော KNLAPDF တပ်မဟာ ၅ အဖွဲ့ ပစ်ခတ်မှုဖြစ်ပွား။

နိုင်ငံတကာသတင်းများ

🌍 ဆော်ဒီအာရေဗျသည် မေလမှ ၂၀၂၃ ခုနှစ်ကုန်အထိ တစ်ရက်လျှင် ရေနံစည် ၅၀၀,၀၀၀ ထုတ်လုပ်မှုကို ဖြတ်တောက်မည်ဟု ပြောကြား။

🌍 အာဖဂန်၌ ဗြိတိန်နိုင်ငံသား ၃ ဦးကို တာလီဘန်တွေက ဖမ်းဆီးထိန်းသိမ်းထားကြောင်း။

🌍 အီတလီဥပဒေပြုအမတ်သည် အင်္ဂလိပ်အသုံးပြုခြင်းအား တားမြစ်/အပြစ်ပေးသည့်ဥပဒေအား မိတ်ဆက်ခဲ့။

🌍 ခဲယမ်းထုတ်လုပ်မှုကို မြှင့်တင်နေကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ပြောဆို။

🌍 တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားမှုများကို မလေးရှားနိုင်ငံအပြင် အခြားအာဆီယံနိုင်ငံများနှင့် ဆွေးနွေးရန် အဆင့်သင့်ရှိနေဟု တရုတ်အစိုးရပြော။

🌍 ပြင်သစ်နိုင်ငံ သမ္မတမက်ခွန် တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း။

🌍 အင်ဒိုနီးရှား Pertamina ရေနံချက်စက်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ (၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း။

🌍 ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်-တက်စ်ရှိ ကော်ဖီဆိုင်တွင် ပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း။

🌍 ရီပတ်ဘလီကန်ပါတီဝင်အများစုက ဒေါ်နယ်ထရမ့်ကို သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်စေရန် ဆန္ဒရှိနေ။