သူ့လမ်းသူလျှောက်သွားတဲ့ NLD ပါတီ

NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလို့ ဆိုပြီး ပြည်ပနိုင်ငံတွေက ကန့်ကွက်တာ၊ စိတ်မကောင်းဖြစ်တာ အသံမျိုးစုံထွက်လို့ နေပါတယ်…

အထူးသဖြင့် မြန်မာနိုင်ငံရေးကို တဖက်သက်ဖိအားပေးနှောင့်ယှက်နေတဲ့ အမေရိကန်နဲ့ သူ့ရဲ့နောက်လိုက် နိုင်ငံများရဲ့ အသံက အကျယ်လောင်ဆုံးဖြစ်နေပါတယ်..ကုလသမဂ္ဂကတော့ ထုံးစံအတိုင်း စိတ်ပူ၊ စိုးရိမ်ကြောင်း ထုတ်ပြန်လာပါတယ်…

ပြည်တွင်းမှာရှိတဲ့ NLD ပါတီဝင်တွေအပါအဝင် ပြည်သူအများစုကတော့ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ မပြုလုပ်ဘဲ ပါတီအတွင်း အကွဲအပြဲတွေကို စောင့်ကြည့်နေကြပါတယ်…

အမှန်တကယ်တော့ NLD ပါတီကို စစ်ကောင်စီက အတင်းဖျက်သိမ်းလိုက်တာမဟုတ်ဘဲ NLD ပါတီကိုယ်တိုင်က မှတ်ပုံမတင်လို့ ပါတီဖျက်သိမ်းခံရတာဖြစ်ပါတယ််…ဒါကြောင့် NLD ပါတီဟာ တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့်မရှိတော့ခြင်းဟာ သူတို့ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်…

ဒါကြောင့် NLD ပါတီဖျက်သိမ်းခံရခြင်းကို အပြစ်တင်မယ်ဆိုရင် လက်ရှိ NLD ပါတီ CEC အဖွဲ့ဝင်တွေကိုပဲ အပြစ်တင်ရမှာဖြစ်ပါတယ်…ထောင်မကျဘဲ အသက်ထင်ရှားရှိနေဆဲ CEC များအနေနဲ့ NLD ပါတီအသက်ဆက်လက်ရှင်သန်အောင်ကြိုးစားခဲ့ကြပေမဲ့ NLD ပါတီ ဆက်ပြီးရပ်တည်ဖို့ မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့တဲ့ နောက်ကွယ်က အကြောင်းတရားတွေရှိနိုင်ပါတယ်…

စစ်ကောင်စီကတော့ သူ့အလုပ်ကိုသူ ဥပဒေအရ လုပ်ဆောင်နေပြီး NLD အတွင်းမှာတော့ နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်နည်းနဲ့ ရယူလိုတဲ့ ပြည်ပရောက် အမာလိုင်း NUG နဲ့ အပျော့လိုင်း ရှေးရိုးစွဲ NLD CEC တွေရဲ့ အားပြိုင်မှုအရ ဘယ်လို ဆက်လက်ရပ်တည် မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်…

သေချာတာကတော့ တရားဝင်နိုင်ငံရေးပါတီတစ်ခုကဲ့သို့ လွတ်လွတ်လပ်လပ်လှုပ်ရှား၊ စည်းရုံးနိုင်ခွင့် NLD ပါတီမရရှိနိုင်တော့ပါဘူး၊ မှတ်ပုံတင်ထားတဲ့ ပါတီကလည်း ၆၀ ကျော်ရှိနေလို့ NLD ပါတီမရှိလည်း ပါတီစုံဒီမိုကရေစီစနစ်ကတော့ ရှင်သန်နေဆဲပဲလို့ ပြောလို့ ရနိုင်ပါတယ်နော်…

KhinNyo Chaw