ဖေးမကူညီ ပိုင်ဆိုင်ရမည် အီးဗီတက္ကစီ” အစီအစဉ်သို့ လှူဒါန်းသူများအား EV တက္ကစီကားတစ်စီ မဲဖောက်ပေးမည်ဟုဆို”

“ဖေးမကူညီ ပိုင်ဆိုင်ရမည် အီးဗီတက္ကစီ” အစီအစဉ်သို ပါဝင်လှူဒါန်းသူများအား EV တက္ကစီကားတစ်စီးကို ကံစမ်းမဲဖောက်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း EV Myanmar Group ထံမှ သိရသည်။

လက်ရှိတွင် အဆိုပါအစီအစဉ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ကာ ဇွန်လ ၆ ရက်တွင် အစီအစဉ်ပြီးဆုံးမည်ဖြစ်ပြီး ယင်းအစီအစဥ်သို အလှူငွေထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် အလှူငွေ ၁၅၀၀၀ ကျပ်ထည့်ဝင်လှူဒါန်း၍ ကံစမ်းမဲဖြတ်ပိုင်းတစ်စောင်ကို မေတ္တာလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သွားမည်ဟုဆိုသည်။

ကံစမ်းမဲကို EV တက္ကစီ အခမဲ့စီးနင်းခွင့် သတ်မှတ်ထားသည့်ကာလပြီးနောက်တွင် မဲဖောက်ပေးသွားမည်ဖြစ်ပြီး ကျန်အလှူငွေများကို ဘိုးဘွားရိပ်သာများ၊ မသန်စွမ်းကျောင်းများ၊ မိဘမဲ့ကလေးကျောင်းများသို လည်းကောင်း၊ အိုးအိမ်မရှိသူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြန်မာ့ EV အသွင်ကူးပြောင်းရေးစီမံကိန်း၌ ပံ့ပိုးကူညီထောက်ပံ့ခြင်းနှင့် EV ဖွံဖြိုးတိုးတက်ရေးအတွက် ပညာရေးသင်ထောက်ကူလုပ်ငန်းများ စသည့် လိုအပ်သော နေရာများသို့ ပေးပိုလှူဒါန်းပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။