ဧပြီလ ဒုတိယပတ်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၄ ခုမှာ မိုးကြီးပြီး မိုးသီးကြွေခြင်းနဲ့ လေပြင်းအန္တရာယ်ရှိ

ယခု ဧပြီလ ဒုတိယပတ်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၄ ခုမှာ မိုးကြီးပြီး မိုးသီးကြွေခြင်းနဲ့ လေပြင်းအန္တရာယ်ရှိတယ်လို မိုးလေဝသပညာရှင် ဦးဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ) က သတိပေး ပြောကြားလိုက်ပါတယ်။

လာမည့်ဧပြီလ၇ရက်နေ့မှ ၁၅ရက်နေ့အတွင်းအရှေ့လေပွေလှိုင်းတစ်ခု ရွေ့လျားလာမှုကြောင့်မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှာ မိုးရွာသွန်းခြင်းနှင့်အတူ လျှပ်စီးလက်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့်အတူ လေပြင်းအန္တရာယ်အနည်းငယ်ပါရှိလာနိုင်ပါတယ်လို့ ထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။