အမေရိကန် ဒေါ်လာဈေးနှုန်းတိုးမြှင့်သတ်မှတ်ခြင်းနှင့်ပက်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ဖြေကြားချက်

တချို့သောမီဒီယာများက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာဈေးနှုန်းနဲ့ ပတ်သက်ပြီး တစ်ဒေါ်လာကို  ၂၁၀၀ ဈေးနှုန်းသတ်မှတ်ထားပါတယ်။ တစ်ဒေါ် လာကို ၂၁၀၀ သတ်မှတ်ထားခြင်းဈေးနှုန်းနဲ့ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲဖို့ အစီအစဉ်မရှိသေးကြောင်းပြောလိုပါတယ်။  ပြင်ဆင်ပြောင်းလဲဖို့ အစီအစဉ်မရှိသေးကြောင်း အချို့သောနိုင်ငံခြားဘဏ်တွေအနေဖြင့် မြန်မာနိုင်ငံက ငွေအဝင်/အထွက်တွေ လက်မခံတော့ဘူးဆိုနေပြီး‌ လက်တွေ့တွင် ပုံမှန်လည်ပတ်ဆောင်ရွက်နေလျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ်နဲ့ ပတ်သက်ပြီး ဦးတည်ပြီးတိုက်ခိုက်နေတာမျိုးဖြစ်ပြီး ယခင်တုန်းကလည်း ဘဏ်လုပ်ငန်းစနစ်တွေနဲ့ တိုက်ခိုက်နေတာရှိတယ် ။ ငွေရေးကြေးရေးစနစ်အနေ နဲ့လည်း တိုက်ခိုက်နေတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဒီလိုကောလဟာလတွေကို မယုံကြဖို့ ။ ဗဟိုဘဏ်ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းကို တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းနိုင်ကြောင်းကို ရှင်းလင်းဖြေကြားခဲ့ပါတယ်။