ဗန်းမောက်မြိုနယ်၊ မန်ကျည်းကုန်းရွာအနီးတွင် ရှမ်းနီတပ်(SNA)နှင့် KIA/PDF တို့တိုက်ပွဲဖြစ်ပွားပြီး KIA တို့အလူးအလဲခံရ

ရှမ်းတိုင်းရင်းသားများကို အမြဲတမ်းအနိုင်ကျင့်ဗိုလ်ကျ၊ ဒေသခံတွေကိုလည်း စစ်ဘေးရှောင်တွေဖြစ်အောင်လုပ်တဲ့ KIA တို့ အခုတော့ ကျောင်းမှန်း ကန်မှန်းသိသွားတဲ့ အခိုက်အတန့်တစ်ခု။ ရှမ်းရိုးရာအမွေအနှစ်တွေကို ဖျက်ဆီးခဲ့တဲ့ KIA/PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲနှင့် ရှမ်းနီတပ်(SNA)အဖွဲ့တို့ မတ်လ ၂၄ ရက်နေ့ မနက်ခင်းမှာ ဗန်းမောက်မြိုနယ်၊ မန်ကျည်းကုန်းရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ SNA ဘက်က ၁ ယောက်ကျပြီး ၇ ယောက်ဒဏ်ရာရရှိကာ KIA/PDF အဖွဲက (၂၀)ဦးခန့်ကျဆုံးပြီး သေနတ် (၁၉) လက်သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရှိရပါတယ်။

အခုတလော တိုက်ပွဲဖြစ်စဉ်အတွင်းတွေမှာ KIA/PDF တို့ အလူးအလဲခံရတဲ့ သတင်းတွေချည်းပဲ။ စစ်ကိုင်းကို စစ်တလင်းလုပ်ပြီး ကိုယ်ကျိုးရှာတဲ့ အဖွဲ့တွေ အခုတော့ ဝဋ် လိုက်နေကြလေပြီ။