မတ်လ(၃၁)ရက်နေ့ တွေ့ရှိထူးခြားသတင်းများ

🟢 စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ကိုးထပ်ကြီးဘုရားကျောင်းဝန်းအတွင်း Drone (၁)စီး ပျက်ကျရာမှ လက်လုပ်ဗုံး ၁လုံးနှင့်အတူ သိမ်းဆည်းရမိ။

🔸 ရခိုင်ပြည်နယ် စစ်တွေမြို့ ကမ္ဘာ့ရတနာဘဏ်(၂)မှ ဝန်ထမ်းအမျိုးသမီးမှ ငွေကျပ်သိန်း (၈၀၀၀) ကျော်လိမ်လည်ကာ ထွက်ပြေးမှုဖြစ်ပွား။

🟢 ငဖဲမြို့နယ် မင်းဘူး-အမ်းလမ်းပေါ်တွင် အပြစ်မဲ့ပြည်သူ နှစ်ဦးကို အကြမ်းဖက် PDF များက ပစ်ခတ်သတ်ဖြတ်။

🔸 လှိုင်မြို့နယ် အုတ်ကျင်းဘူတာရုံလမ်းအတွင်း PDF အကြမ်းဖက် ဆက်စပ်တရားခံ ၁ဦးအား ဖမ်းဆီးရမိ။

🟢 ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်း-ကျောက်ကြီးသွား ကားလမ်းပေါ်၌ KNLA အဖွဲ့မှ ထောင်ထားသည့် ကားမိုင်းနင်းမိပေါက်ကွဲရာမှ အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိ။

🔸 ချောင်းဦးမြို့နယ် ကင်မွန်းတော်ကျေးရွာ ပြည်သူ့စစ်အဖွဲ့နှင့် ရှမ်းထူးကျေးရွာ အကြမ်းဖက်PDFအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွား။

🟢 နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၈)ခုတွင် ဧပြီ(၂)ရက်မှစ၍ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ဟု မိုးဇလ အသိပေး။

🔸 ရေစကြိုမြို့နယ် သမန္တပို(လ)ကျေးရွာရှိအတွင်း ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် ၅ လောင်းနှင့် ၅လက်ရရှိ။

🟢 စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာတွင် PDFများနှင့် ပတ်သက်ဆက်နွယ်သူများအား ဖမ်းဆီးရမိ။

🔸 စစ်ကိုင်းမြို့နယ်၊ မောင်းထောင်းကျေးရွာတွင် PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ။

🟢 ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းကို PDF အကြမ်းဖက်များမှ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်။

🔸 စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာအား PDF များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုပြုလုပ်။

🟢 စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပေါက်ကုန်းရွာအား PDF များက မီးရှို့ဖျက်ဆီးသွားကြောင်း။

🔸 ပဲခူးတိုင်း ကညွတ်ကွင်းမြို့ အရှေ့ဘက် ဘုရားလဟာကျေးရွာအနီး သစ်ပတ်ချောင်းတံတားနှင့် တူးမြောင်းတံတားကို KNU/PDF အဖွဲ့များက မိုင်းခွဲဖျက်ဆီး။

🟢 ဒဂုံမြို့သစ်မြောက်ပိုင်း ၃၄ ရပ်ကွက်၌ သာမန်အပြစ်မဲ့ အငြိမ်းစားဝန်ထမ်း တစ်ဦးအား PDF များက ပစ်ခတ်။

🔸 စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာအနီး PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး မိုင်းစထိမှန် ဒဏ်ရာရ။

🟢 မကွေးတိုင်း ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာတွင် PDF များနှင့် ထိတွေ့မှုဖြစ်ပွား။

🔸 စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြိုနယ်၊ မကျီးဇောက်ကျေးရွာအနီးတွင် PDF ပဒက်ကင်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ။

🟢 ဗဟိုဘဏ်ဒေါ်လာဈေးနှုန်း သတ်မှတ်ချက်ပြောင်းလဲရန် အစီအစဉ်မရှိသလို နိုင်ငံခြားဘဏ်များတွင် ငွေအဝင်/အထွက်များ လက်မခံတော့ဟု သတင်းထွက်ပေါ်နေမှု ကောလဟာလသာဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား။

🔸 ခရမ်းမြို့နယ် ဒေပေါက်ကျေးရွာနှင့် စွယ်တော်ကွင်းကျေးရွာသွားလမ်း၌ အကြမ်းဖက် ၁ဦးအား လက်ပစ်ဗုံး ၁လုံးနှင့်အတူ ပစ်ခတ်ဖမ်းဆီးရမိ။

🟢 မူဆယ်မြို့ သိန်းသန်းချီကားကြီးဝင်းဂိတ်၌ ပြည်သူ့စစ် ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံး။

🔸 စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် ကံကျေးရွာအနီး KIA/PDF ၃လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ။

🟢 စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆွဲလွဲအိုကျေးရွာအနီး PDF အကြမ်းဖက် ၃လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ။

🔸 ချမ်းမြသာစည်မြို့နယ် ဦးပွားဂုံးကျော်အဆင်း ကျား-၁ဦး ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွား။

နိုင်ငံတကာသတင်းများ

🌍 အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်အား စွဲချက် ၃၀ ကျော်ဖြင့် နယူးယော့ခ်တရားရုံးတွင် တရားစွဲဆို ခံထားကြောင်း။

🌍 စပိန်နိုင်ငံ ၀န်ကြီးချုပ်သည် တရုတ်နိုင်ငံသမ္မတနှင့် တွေ့ဆုံရန်အတွက် တရုတ်နိုင်ငံသို့ ရောက်ရှိ။

🌍 ယူကရိန်းတွင် အမေရိကန်နှင့် အနောက်အုပ်စုများ ထောက်ပံ့ ထားသည့် လက်နက်သိုလှောင်ရုံ တစ်ခုပေါက်ကွဲမှုဖြစ်ပွား။

🌍 အီရန်နိုင်ငံထံကနေ သိမ်းယူထားတဲ့ပိုင်ဆိုင်မှုများအတွက် အမေရိကန်အစိုးရ လျော်ကြေးပြန်ပေးရန် ICJ တရားရုံး ဆုံးဖြတ်။

🌍 အမေရိကန်နှင့် တင်းမာနေချိန် တရုတ်နှင့် ရုရှားတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။