ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံရေးထက် နိုင်ငံ့အရေးကိုသာ အလေးထားစေလို

“စစ်တွေတက္ကသိုလ်အတွက် လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များ၊ စာသင်ဆောင်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဟုပြောကြားခဲ့ပါတယ်။

တက္ကသိုလ်သည် ဘာသာရပ်ဆိုင်ရာများနှင့် အတွေ့အကြုံကောင်းများရရှိရေး သင်ကြားဆောင်ရွက်ပေးသည့် နေရာဖြစ်သဖြင့် ပညာသင်ကြားရေး ဆောင်ရွက်နေသူ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် နိုင်ငံရေးထက် နိုင်ငံ့အရေးကိုသာ အလေးထားစေလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။