ဆံတော်ရှင် ဆူးလေစေတီတော် ရွှေထီးတော်၊ စေတီတော်လုံးတော်ပြည့်နှင့် အရံစေတီများအား ရွှေစင်၊ ရွှေပြားနှင့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ရေး အတွက် ပဉ္စမအကြိမ် အလှူငွေပေးအပ်လှူဒါန်း

 ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ ဆံတော်ရှင် ဆူးလေ စေတီတော် ရွှေထီးတော်၊ စေတီတော်လုံးတော်ပြည့်နှင့် အရံစေတီများအား ရွှေစင်၊ ရွှေပြားနှင့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ရေးအတွက် ပဉ္စမအကြိမ် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူ များနှင့် အလှူရှင်များ တက်ရောက်ကြပြီး ရွှေစင်၊ ရွှေပြားနှင့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ရေးအတွက် အလှူရှင်များထံမှ ပဉ္စမအကြိမ် လှူဒါန်းရရှိမှုမှာ ရွှေစင် ၇ ကျပ်သား၊ ရွှေစင် ၅ ကျပ် သားရှိ ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်တစ်ခု၊ အလှူငွေကျပ် ၂၉၄၃၁၄၅၀၀ နှင့် အမေရိကန် ဒေါ်လာ ၁၀၀၀ တို့ရရှိခဲ့တယ်လို့သိရပါတယ်။