ထိုင်းနိုင်ငံသို အခမဲ့ဗီဇာ (Visa Free) ဖြင့် လာရောက်ကြမည့် မြန်မာနိုင်ငံသားများအား (၁၄) ရက်သာ နေထိုင်ခွင့်ပြုတော့မည်”

ထိုင်းနိုင်ငံသို့ အခမဲ့ဗီဇာ (Visa Free) ဖြင့် လာရောက်ရန် သဘောတူညီမှု ရရှိထားသည့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံခြားသားများကို လာမည့် ဧပြီ (၁) ရက်နေ့မှစတင်ကာ (၁၄) ရက်သာ နေထိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

ထိုသို့ အခမဲ့ဗီဇာ (Visa Free) ဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အတွင်း လာရောက်ကြသော နိုင်ငံသားများကို ၄၅ ရက်အထိ နေထိုင်ခွင့် ပြုခဲ့ရာမှ ယခုအခါ သတ်မှတ်ကာလ ပြည့်မြောက်တော့မည်ဖြစ်သဖြင့် ပုံမှန်အတိုင်း (၁၄) ရက်သာ နေထိုင်ခွင့်ပြုတော့မှာဖြစ်သည်။

သို့ဖြစ်သဖြင့် ရက်ရှည်နေထိုင်လိုသူများအနေဖြင့် ထိုင်းသံရုံး (ရန်ကုန်) ၌ ဗီဇာလျှောက်ထား၍ လာရောက်နိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားသည်။