ခံတွင်းမြိန်စေမယ့် သရက်သီးသုပ် တစ်ပွဲ

သရက်သီးသုပ်ကို လူတိုင်းနီးပါး စားဖူးကြပြီး ကြိုက်လည်း ကြိုက်နှစ်သက်ကြတဲ့ အသုပ်တစ်မျိုး ဖြစ်ပါတယ်။ သရက်သီးသုပ်ဟာ စားရတာလည်း အထူးပင် ကောင်းမွန်ပြီး ထမင်းပွဲ တစ်ပွဲ အတွက် ခံတွင်းမြိန်စေတဲ့ အစားအသောက် တစ်မျိုးဆိုလည်း မှားမယ် မထင်ပါဘူး။

သရက်သီးသုပ်ဟာ ငွေကုန်ကျလည်း နည်းတဲ့ အသုပ် တစ်မျိုးလည်း ဖြစ်ပါတယ်။ တစ်ချို့ကတော့ သရက်သီးသုပ်တည်းကို မုန်လာဥနီ၊ ဂေါ်ဖီ လေးတွေ ထည့်သုပ်ကြသလို တစ်ချို့ကလည်း မထည့်ပါဘူး။ ကြက်သွန်၊ မြေပဲဆံ၊ ဆီချက် စတာလေးတွေနဲ့ အဆင်ပြေအောင် သုပ်မှသာ အရသာက ထူးခြားကောင်းမွန်မှာ ဖြစ်ပါတယ်။ သုပ်ပြီးတဲ့ အခါမှာ တစ်ချို့ကတော့ ငရုတ်သီးတောင့်လေးတွေကို အသုပ်ပေါ်မှာ တင်ပြီး စားကြတာတွေလည်း ရှိပါတယ်။

သရက်သီးဟာ ချဉ်တဲ့ အရသာကို ပေးစွမ်းတယ်ဆိုပေမယ့် သုပ်ပြီးတဲ့ အခါမှာတော့ ခံတွင်းမြိန်သွားစေပါတယ်။ ဒါကြောင့် မြန်မာ့ ထမင်းဝိုင်းမှာ နာမည်ကြီးတဲ့ သရက်သီးသုပ်ကိုလည်း ထမင်းမြိန်ဖို့ ထည့်သုပ်စားကြပါလို့ တိုက်တွန်းပါရစေ။