နောက်ဆုံးရ မနက်ခင်း အားကစားသတင်းများ

လိဂ်ဝမ်းမှာ ဆင်းကစားနေရတဲ့ ဘော်လ်တန် အသင်းကတော့ ၎င်းတို့ကစားသမားဟောင်း အလွန်ဆိုကို ချဲလ်ဆီးထံမှ မလှမ့်တပါတ်နည်း အသုံးပြုကာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ဘာစီလိုနာရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး လျော်ကြေးငွေ တောင်းဆိုထားပါတယ်။

မန်ယူအသင်း တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်ကတော့ အသင်းထံမှ တစ်ပါတ်လုပ်ခ ပေါင် ငါးသိန်းအထိ တောင်းဆိုထားတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

အေစီမီလန် အသင်းနည်းပြ ပီအိုလီကတော့ နာပိုလီအသင်းဟာ ရပ်တန့်လို့မရတဲ့ အသင်းမျိုးမဟုတ်တာကြောင့် ချန်ပီယံလိဂ်မှာ ကျော်ဖြတ်နိုင်ဖို့ ယုံကြည်နေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

၁၉ နှစ်ကြာ ပရီးမီးယားလိဂ်ဖလား ခမ်းခြောက်မှုကို အဆုံးတော့မယ့် အာဆင်နယ် အသင်းရဲ့ ရာသီပိတ် ဝုလ်ဗ်နဲ့ ပွဲစဉ်လက်မှတ်ဟာ အွန်လိုင်းပေါ်မှာ ပေါင် ၆ သောင်းနီးပါးအထိ မြင့်တက်နေကြောင်း သတင်းရရှိပါတယ်။

ဘာစီလိုနာနည်းပြဟောင်း အန်းနရစ်ဟာ ပရီးမီးယားလိဂ်မှာ လာရောက်နည်းပြလိုနေပေမယ့် စပါးအသင်းထံကိုတော့ ပြောင်းရွှေ့လာဖွယ် မရှိကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အနီကဒ်ပြသခံခဲ့ရတဲ့ ဖူဟမ်တိုက်စစ်မှူး မီထရိုဗစ်နဲ့ နည်းပြ ဆေးလ်ဗားတို့က ၎င်းတို့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တောင်းပန်သွားခဲ့ကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးအစွန်နောက်ခံလူ ရစ်ဆီဂျိမ်းစ်ကို အရခေါ်ယူဖို့ ဆန္ဒပြင်းပြနေကြောင်း သတင်းရရှိပါတယ်။

ဘိုင်ယန် ကစားသမား ဂိုရက်ဇ်ကာ ကတော့ ယခုတစ်ခေါက် ဒေါ့မွန်နဲ့ ကစားရမယ့် ပွဲစဉ်ကို အနိုင်ကစားပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည်ရယူသွားမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဘိုင်ယန်နောက်ခံကစားသမား ဒီလစ်ဂျ်ကတော့ နည်းပြ နစ်ဂယ်စမန်းကို ထုတ်ပယ်လိုက်တဲ့အတွက် နာကျင်ခံစားရကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းမှ ပြန်လာခဲ့တဲ့ ဂိုးသမား ကော်တိုးရစ်ဟာ လက်ရှိ ကလပ်အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Credit