မတ်လ (၂၉)ရက်နေ့ တွေ့ရှိထူးခြားသတင်းများ

-နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားသည့် ပါတီ ၆၃ ပါတီအထိ ရှိလာပြီဖြစ်။

-ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်။

-ရေစကြိုမြို့နယ် ပေကုန်းရွာ အုပ်ချုပ်ရေးမှူးအား PDF များမှ လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း။

-မကွေးတိုင်း မြိုင်မြို့နယ် သရက်ကွပြည်သူစစ်ရွာကို PDF အကြမ်းဖက်များမှ လာရောက်ပစ်ခတ်မှုဖြစ်ပွား။

-မကွေးတိုင်း ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာအနီး PDF အကြမ်းဖက်များနှင့် ပစ်ခတ်မှုဖြစ်ပွား။

-အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး။

-မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့အနီး ကုန်တင်ယာဉ်တစ်စီးအား အကြမ်းဖက် PDF အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့၍ ယာဉ်မောင်းထိခိုက်။

-ညောင်ဦးမြို့နယ် မန်ကျည်းစောက်ကျေးရွာတွင် အပြစ်မဲ့ပြည်သူများအား PDF အကြမ်းဖက်များမှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးကာ ၄ဦး ထိခိုက်ဒဏ်ရာရရှိ။

-မြန်မာအမျိုးသမီးကို မုဒိမ်းကျင့်ရန်ကြံစည်နေစဥ် သေဆုံးခဲ့သည့် ထိုင်းလူမျိုးတစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ အမှုရင်ဆိုင်နေရသော မြန်မာနိုင်ငံသားနှစ်ဦးအား အမှုမှ ကင်းလွတ်ခွင့်ပြုကြောင်း ထိုင်းတရားရုံးက အမိန့်ချ။

-စစ်ကိုင်းတိုင်း ကလေးမြို့ မြို့သာရပ်ကွက် စစ်ဆေးဂိတ်၌ PDF များအား ထောက်ပံ့ပေးသူ ၁ ဦးအား ဖမ်းဆီးရမိ။

-မကွေးတိုင်း စလင်းမြို့နယ် ကင်မွန်းချုံကျေးရွာအနီး PDF အကြမ်းဖက်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွား။

-မြင်းမူမြို့နယ် ဘိုးမင်းကျီးကင်း ကျေးရွာရှိ လခရအဖွဲ့အား PDF များက ပစ်ခတ်တိုက်ခိုက်။

-မကွေးတိုင်း ထီးလင်းမြို့နယ် ကြူသာနှင့် ကံသာရွာ အကြား PDF များ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကျေးရွာသား ၁ဦး ထိခိုက်။

-လားရှိုးမြို့ ရပ်ကွက် (၁)၊ နယ်မြေ (၁)၊ ပါရမီလမ်းသွယ် (၈)၌ လင်မယား ၂ဦး ပစ်ခတ်ခံရပြီး ခင်ပွန်းဖြစ်သူသေဆုံး။

-ရွှေဘိုမြို့ အမှတ်(၇)ရပ်ကွက် ဆုတောင်းပြည့်ဘုရားအနီး ချမ်းမြေ့ စိုက်ပျိုးရေးဆေးဆိုင်အရှေ့ လက်လုပ်ဗုံးတွေ့ရှိ။

-မကွေးတိုင်း ပခုက္ကူမြို့နယ် ရွှေတန့်သစ်ကျေးရွာရှိ ဘုရားကြီး ကျောင်းတိုက်အား PDF များက ဓားပြတိုက်လုယက်။

-စစ်ကိုင်းမြို့နယ် ရွှေကြွယ်ကျေးရွာအနီး ကြက်သွန်စိုက်တောင်သူတွေ ကြက်သွန်နှုတ်နေစဉ် PDF များက Drone ဖြင့် ဗုံးချဖောက်ခွဲမှုပြုလုပ်။

-ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက် မြို့ရှောင်လမ်း UN/WFP ရုံးခွဲရှိ ပရဟိတအဖွဲ့ဝင် (၁၂)ဦးအား PDF များမှ ဖမ်းဆီးကာ သိန်း(၅၀၀၀)ဖြင့် ပြန်လည်ရွေးချယ်ရန် ခြိမ်းခြောက်။

-မြဝတီမြို့အနီး KNU/PDF များနှင့် BGF တပ်ဖွဲ့များ ထပ်မံ ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိ။

-အကယ်ဒမီဆုပေးပွဲအတွက် လျှောက်ထားလာသည့် ရွှေကြိုများကို စတင်ရွေးချယ်မှုပြုလုပ်။

-စစ်ကိုင်းတိုင်း မြောင်မြို့ တောင်ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးရုံးအား PDF များမှ မီးရှို့ဖျက်ဆီး။

-ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ရောန်ကျေးရွာအနီးတွင် CDF ၁ လောင်းနှင့် သေနတ် ၁ လက် ရရှိ။

-လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မောင်ကျန်သီးလမ်းရှိ မွေ့ယာစက်ရုံတွင် မီးလောင်မှုဖြစ်ပွား။

-ပဲခူးတိုင်း ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက် ရွှေမော်ဓောဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားဝင်းအတွင်း လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့။

နိုင်ငံတကာသတင်းများ

-ဂျပန်ပင်လယ်တွင် သင်္ဘောဖျက်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့မှု အောင်မြင်ကြောင်း ရုရှားထုတ်ပြန်ကြေညာ။

-အမေရိကန်၏ အသံထက်မြန်သည့် ဒုံးကျည်စမ်းသပ်မှု အောင်မြင်မှုမရရှိခဲ့။

-အစ္စရေး ဝန်ကြီးချုပ်၏ တရားရေးပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သည့်အနေဖြင့် အစ္စရေး Navy Seal တပ်ဖွဲ့ဝင်များ ဆန္ဒပြ။

-နိုင်ငံတကာရာဇဝတ်တရားရုံး ICC အဖွဲ့နှင့် ဆက်ဆံမှုအားလုံး ပြတ်တောက်လိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ပြောကြား။