သူ့ရဲ့အမှားကိုတောင်းပန်ခဲ့တဲ့အာရှသားလေးဆွန်ယောင်မင်

ကစားသမားတစ်ဦးအနေနဲ့ သူ့အတွက် ကျနော် အရမ်းဝမ်းနည်းမိပါတယ်။ ကျနော်က သူ့အတွက် ပိုကောင်းတဲ့အရာတွေပြသပြီး အသင်းကို အကူအညီပေးသင့်ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် နောက်ဆုံးမှာ သူ့ပခုံးပေါ် တာဝန်တွေကျရောက်ခဲ့ပြီး ထွက်သွားခဲ့ရပါတယ်။အဲ့ဒီအတွက် ကျနော့်မှာ တော်တော်လေး တာဝန်ရှိတယ်လို့ခံစားရပါတယ်”
“သူ့မှာအရည်အချင်းတွေနဲ့ အတွေ့အကြုံတွေရှိတာကြောင့် သူသွားတဲ့ နောက်ထပ်နေရာတိုင်းမှာ ရလဒ်ကောင်းတွေရလာမှာပါ၊ ကျနော် သူ့ကို သေချာပေါက်ထောက်ခံအားပေးသွားမှာပါ။ အခုအချိန်မှာတော့ လက်ကျန်ပွဲအနည်းငယ်အတွက် ကျနော့်ရဲ့အသင်းဖော်တွေနဲ့အတူ ရာသီကို ကောင်းမွန်စွာအဆုံးသတ်ချင်ပါတယ်”
ကွန်တီကို ပထမဆုံးတောင်းပန်စကားဆိုခဲ့တဲ့ ကစားသမားက ဆွန်ဟောင်မင်ပါပဲ။ ဒီ အာရှသားက ဘယ်သူ့မှာတာဝန်ရှိတယ်၊ မရှိဘူးဆိုတာထက် သူ့ကိုယ်သူကိုပဲ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက တခြားကစားသမားတွေကိုလည်း မင်းတို့မှာ တာဝန်ရှိတယ်ဆိုတဲ့ စိတ်ကို ရိုက်သွင်းပေးလိုက်သလိုပါပဲ။ ကွန်တီ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ တကိုယ်ကောင်းဆန်တဲ့ ကစားသမားတွေကြောင့်ဆိုတာကိုလည်း ထောက်ခံရာရောက်သွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာရှသားတယောက်ဖြစ်တဲ့ ဆွန်က နည်းပြထွက်ရမှုမှာ သူ့တာဝန်မကင်းဘူးလို့ အရင်ဆုံးထပြောတဲ့ သူ ဖြစ်လာခဲ့ပြီး ဒီအတွက်တော့ သူ့ကို တကယ်ချီးကျူးမိပါတယ်။

crd;