Sim Card များ စနစ်တကျ မှန်ကန်စွာ မှတ်ပုံတင်သုံးစွဲနိုင်ရေး

အချက်အလက်မမှန်သော နိုင်ငံသားစိစစ်ရေးကတ်များဖြင့် မှတ်ပုံတင်ထားသော ဆင်းကတ်သုံးစွဲသူများထံ မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်ရန် SMS (မက်ဆေ့ချ်) ပေးပို့အသိပေးသွားမည်ဖြစ်ပြီး ၎င်း SMS (မက်ဆေ့ချ်) ရပြီး ရက်ပေါင်း (၃၀) အတွင်း နိုင်ငံသားစိစစ်ရေးကတ်အမှန်ဖြင့် ပြန်လည်ပြင်ဆင် မှတ်ပုံတင်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါတယ်။