PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးဖြင့် ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ ပြည်သူများ သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ကားကြီးကွင်း အနီး၌ ယနေ့နံနက် ၉ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့မှုကြောင့် ကားကြီးကွင်းအနီး လမ်းမပေါ်တွင် လှုပ်ရှားသွားလာလျက်ရှိသည့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ရပြီး အသက် ၄ နှစ်အရွယ်နှင့် အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၂ ဦး အပါအဝင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၈ ဦး မိုင်းစထိမှန်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရှိရသည်။