မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

သန့်ရှင်းတဲ့စိတ်ကို
အဖော်ပြုပြီးနေရတာဟာ
ကျေနပ်စရာကောင်းပါတယ် ။

မကောင်းမှုတွေပြုနေတဲ့သူမှာ
သန့်ရှင်းတဲ့စိတ်မဖြစ်တဲ့အတွက်
ပူလောင်နေရပါတယ် ။

ဘဝမှာ အပြုလွယ်ဆုံး
အကုသိုလ်အမှုတစ်ခုရှိတယ်ဆိုရင်
အဲ့ဒီအလုပ်ကို မလုပ်ပဲနေကြည့်ပါ ။

စိတ်ကျေနပ်အဆင်ပြေ
ပေါ့ပါးလာတာကိုတွေ့နိုင်ပါတယ် ။

ဒါကြောင့်…
သန့်ရှင်းသောစိတ်ကို
ပိုင်အောင်ကြိုးစားဖို့လိုပါတယ် ။

ဘဝမှာ
မှားခဲ့ဘူးတဲ့စာမျက်တွေဟာ
ပြန်ကြည့်နေလို့ အကျိုးမရှိပါဘူး ။

ဘဝစာမျက်နှာအသစ်တစ်ခုနဲ့
အကောင်းအမှန်တွေကိုပဲ

လုပ်နိုင်လျှောက်လှမ်းနိုင်အောင်
ပြန်လည်၍ ကြိုးစားပါ ။

ကောင်းတာတွေများလာရင်
ဘဝဟာလည်းကျေနပ်စရာတွေနဲ့
ပြန်လည် လှပလာပါလိမ့်မယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏