ရွှေဆိုင်က ငွေကျပ် သိန်း(၁၀၀၀) ကျော်ကို သေနတ်ပစ်ဖောက် လုယက်သွားတဲ့ PDF ၃ ဦးကို ဖမ်းဆီးရမိခဲ့

ရွှေရောင်းရငွေတွေ ကားပေါ်တင်နေစဥ်မှာ သေနတ် ၂ ချက်ပစ်ဖောက်ပြီး ခြိမ်းခြောက်ပြီး ငွေကျပ်သိန်း (၃၀၀)စီထည့်ထားတဲ့ ဆာလာအိပ် ၄ လုံး (စုစုပေါင်း သိန်း ၁၂၀၀ ကျပ်)ကို လုယက်သွားတဲ့ PDF အကြမ်းဖက် ၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီလို့ လုံခြုံရေးတပ်ဖွဲ့နဲ့ အချိတ်အဆက်ရှိသူတွေဆီက သိရပါတယ်။

အဆိုပါဖြစ်စဥ်ဟာ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ ၈၅(A)လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားမှာရှိတဲ့ ဦးဖြိုးကိုရွှင်+ မနှင်းလဲ့ရီတို့ရဲ့ “စိန်ကျော်မိုး” ရွေသန့်စင်နဲ့ မီးလင်းရွှေအရောင်းရှေ့မှာ မတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ယင်းဖြစ်စဥ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာက CCTV မှတ်တမ်းတွေကို စစ်ဆေးကြည့်တဲ့အခါ သေနတ်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ NUG အရိုးကိုက် (၃)ဦးမှ Nissan march အိမ်စီးကား အနက်ရောင်နဲ့ရောက်ရှိလာပြီး ပိုင်ရှင်ရဲ့ ကားပေါ်တင်ထားတဲ့ ငွေထုတ်တွေကို ၎င်းတို့ကားပေါ်တင်ယူသွားတာတွေ့ရကြောင့် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး ညတွင်းချင်းမှာပဲ ၎င်းတရားခံတွေ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

mhtnews