မုံရွာမြို့ PDF များ၏ ငွေလွဲလုပ်ငန်းများ လုပ်ကိုင်သူ၏နေအိမ်နှင့် လက်လုပ်မိုင်းများသိမ်းဆည်းထားရှိသူ၏ နေအိမ်များအား ချိတ်ပိတ်သိမ်းဆည်း

မနေ့က နေ့လည် ၂ နာရီခန့်တွင် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ သာစည်လမ်းရှိ ရတနာ ငွေထုတ်ငွေလွဲ့ ဆိုင်ပိုင်ရှင်ဖြစ်သူ သန့်ဇင်အောင်သည် PDF များ၏ လက်နက်ခဲယမ်းများ ဝယ်ယူရန် ငွေလွဲလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲများက သွားရောက်စစ်ဆေးတွေ့ရှိရ၍ ၎င်း၏ ရတနာ စက်ဘီး/ ဆိုင်ကယ်ရောင်းဝယ်ရေးနေအိမ်နှင့် မုံရွာမြို့၊ သလ္လာရပ်ကွက်၊ ခတ္တာလမ်းတွင် ရှိသော PDF အောင်စိုးဝင်း၏နေအိမ်အား သွားရောက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ နေအိမ်အတွင်းရှိ ထပ်ခိုးပေါ်တွင် လက်လုပ်မိုင်း ၂၃ လုံး၊ ကားစလစ်အိုးအခွံ ၄ လုံး တိုအား ရှာဖွေသိမ်းဆည်းရရှိပြီး ၎င်းနေအိမ်များအား ဤအဆောက်အဉီးနှင့် မြေနေရာ သည် အကြမ်းဖက်အဖွဲအစည်းများနှင့် ဆက်စပ်နေသဖြင့် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်သောကြောင့် မကျူးကျော်ရ/ရောင်းချခြင်း၊ရောင်းဝယ်ခြင်း မပြုလုပ်ရ စာသားပါဗွီနိုင်းကပ်၍ ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရှိရပါသည်။