“ယာဉ်ကြောရှင်းပေးနေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို NUG အကြမ်းဖက်အုပ်စုက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ ယာဥ်ထိန်းအမျိုးသမီးတစ်ဦးဒဏ်ရာရ”

ယာဉ်ကြောရှင်းပေးနေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲကို NUG အရိုးကိုက် အကြမ်းဖက်အုပ်စုက လက်လုပ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ယာဥ်ထိန်းအမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်တစ်ခု ဒီကနေ့ မတ်လ ၂၈ ရက်၊ မနက် ၁၀ နာရီကျော်အချိန်ခန့်က တာမွေမြိုနယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး တင်မင်း ဦးဆောင်တဲ့ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင် (၃) ဦးတို့ဟာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ဝင်းဘရားသားမှန်/အလူမီနီယံဆိုင်ရှေ့မှာ ယာဉ်လမ်းကြောရှင်းလင်းရေး ဆောင်ရွက်နေစဉ် တာမွေဂုံးကျော်တံတားပေါ်ကနေပြီး လက်လုပ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ယင်းဖြစ်စဥ်ကြောင့် ယာဥ်ထိန်းရဲမေ မဆုစန္ဒီစိုးမှာ ဝဲပုခုံး ညှပ်ရိုးအနီး ထိမှန်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တာကြောင့် ရွှေဂုံတိုင်အထူးကုဆေးရုံသို့ ကနဦး ပိုဆောင်ပေးထားရတယ်လို သိရပါတယ်။