အငြိမ်းစား တပ်မတော် အရာရှိကြီးများ အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ဂါရဝပြုကန်တော့ပန်ဆင်

အငြိမ်းစား တပ်မတော် အရာရှိကြီးများ အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ဂါရဝပြုကန်တော့ပန်းဆင်

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက် ဒီနေ့မှာ ကျင်းပပြုလုပ်
ခဲ့တဲ့ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်း
အနားကို တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်း
စား တပ်မတော် အရာရှိကြီးတွေနဲ့ ဇနီးသည်တွေလည်း ပါဝင်တက်ရောက်ခဲ့ကြသလို နေပြည်တော်မှာရှိတဲ့ ဘုရင့်
နောင်ရိပ်သာမှာ ခေတ္တတည်းခို နေထိုင်နေကြပါတယ်။

ဒီလို အငြိမ်းစား တပ်မတော် အရာရှိကြီးတွေနဲ့ ဇနီး
သည်တွေကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို အပါအဝင် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်အကြီး
အကဲတွေက သွားရောက် တွေ့ဆုံဂါရဝပြု ကန်တော့ပန်းဆင်မြန်းပွဲ ကျင်းပခဲ့တယ် ။