UWSA တပ်ဖွဲ့က လေယာဉ်ပစ်လက်နက်များ စမ်းသပ်ပစ်ခတ်နေ

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က လေကြောင်းရန် ကာကွယ်နိုင်ရေးအတွက် လေယာဉ်ပစ် စက်သေနတ်ကို စမ်းသပ် ပစ်ခတ်နေကြောင်း လူမှုကွန်ရက်ပေါ်မှာ ရုပ်သံဖိုင်နဲ့တကွ ပျံ့နှံလာတဲ့သတင်းတွေအရ သိရပါတယ်။

အဆိုပါ UWSA “ဝ”တပ်ဖွဲဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများအနက် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲတစ်ဖွဲဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နဲ့ ၂၄ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါသေးတယ်။

UWSA တပ်ဖွဲဟာ လေယာဉ်ပစ် FN-6 ပခုံးထမ်း လက်နက်များ၊ မောင်းသူမဲ့ လေယာဉ်များ၊ သံချပ်ကာကားများကို ပိုင်ဆိုင်ထားသလို လက်နက်စက်ရုံလည်း ပိုင်ဆိုင်ထားတယ်လို တိုင်းရင်းသားအရေးလေ့လာသူတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။