ယင်းမာပင်မြို့ရှိ စိုက်ပျိုးရေး/မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးအား PDF များက မီးရှို့ဖျက်ဆီး

မတ်လ ၂၇ ရက်က နံနက် ၉ နာရီခွဲခန့်တွင် ယင်းမာပင်မြို့၊ (ခ) တိုးချဲ့ရပ်ကွက်ရှိ မြို့နယ် စိုက်ပျိုးရေး/မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးသို အဖျက်အမှောင့် လုပ်ဆောင်နေသော PDF များက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကောက်ကျစ်ယုတ်မာစွာ မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရပြီး တာဝန်ရှိသူများမှ သွားရောက်ငြိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရှိရပါသည်။

PDF များ၏ ကောက်ကျစ်ယုတ်မာစွာ မီးရှို့ဖျက်ဆီးမှုကြောင့် မြို့နယ် စိုက်ပျိုးရေး/မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၏ အမိုး၊ တံခါးချပ်များ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။