စပါးခွံမြေဆွေး ပြုလုပ် သုံးစွဲနည်း

စပါးခွံများကို မြေဆွေးအဖြစ် ထုတ်လုပ် ထုတ်ယူသုံးစွဲလျှင် ပတ်ဝန်းကျင် ညစ်ညမ်းမှုအားလည်း ကာကွယ်ရန်နှင့် အပင်များ စိုက်ပျိုးရာတွင် သဘာဝမြေဩဇာများအဖြစ်လည်း ပြန်လည် အသုံးပြုနိုင်ရန် စမ်းသပ်ထုတ်လုပ် အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။ ကောင်းမွန်သော အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ပြီး အထူးသဖြင့် ဆန်စပါးကို အဓိကထား စိုက်ပျိုးထုတ်လုပ် စားသုံးတင်ပို့ ရောင်းချသောနိုင်ငံ ဖြစ်ပါသည်။ နှစ်စဉ် စပါးမှထွက်ရှိသော ကောက်ရိုး စပါးခွံစသည့် ဘေးထွက်ပစ္စည်းများမှာ အလွန်များပြားလှပါသည်။ ၎င်းဘေးထွက် ပစ္စည်းများကို အခြားနေရာများတွင် ပြန်လည်အသုံးပြုခြင်း (ဥပမာ- လောင်စာအဖြစ် အသုံးပြုခြင်း) များလည်း ရှိပါသည်။ သို့သော်လည်း ၎င်းတို့အား စနစ်တကျ မြေဆွေးပြုလုပ်၍ အပင်များ စိုက်ပျိုးရာ၌ ပြန်လည် အသုံးပြုခြင်းကို ဆောင်ရွက်မှု နည်းပါးပါလိမ့်မည်။ ထို့ကြောင့် ကုန်ကျစရိတ်နှင့် ကရိကထလည်း များဟန်မတူသော မလေးရှားနိုင်ငံမှ ထုတ်လုပ်သုံးစွဲနေသည့် စပါးခွံ မြေဆွေး ပြုလုပ်သုံးစွဲနည်းကို စိတ်ပါဝင်စားသူများဆောင်ရွက်လုပ်ကိုင်နိုင် ရေးသား ဖော်ပြအပ်ပါသည်။ကုန်ကျစရိတ်နှင့် ကရိကထလည်း များဟန်မတူသော မလေးရှားနိုင်ငံမှ ထုတ်လုပ်သုံးစွဲနေသည့် စပါးခွံ မြေဆွေး ပြုလုပ်သုံးစွဲနည်းကို စိတ်ပါဝင်စားသူများဆောင်ရွက်လုပ်ကိုင်နိုင် ရေးသား ဖော်ပြအပ်ပါသည်။

ပြုလုပ်ဆောင်ရွက်နည်းများ

·         စွန့်ပစ်စပါးခွံများအား ယူရီးယား၊ ထုံး၊ ကြက်ချေး၊ သဘာမြေစေး တို့နှင့်အတူ ၁-၂ ရက်ခန့် ရေထဲတွင်စိမ်ထားပါ၊

·         ထို့နောက် ပိုသောရေများအားထုတ်ပစ်ပြီး ပလပ်စတစ်အစပေါ်တွင် ပုံပါ။

·         မြေဆွေးပြုလုပ် ထားစဉ်အတွင်း အစိုဓာတ်ကို ထိန်းထားနိုင်ရန် နောက်ပလပ်စတစ်စ တစ်ခုဖြင့် အုပ်ပေးပါ။

·         မြေဆွေးပုံအား ရေလောင်းပေးပြီး တစ်လတစ်ကြိမ် အထက်အောက် လှန်ပေးပါ။

၎င်းကို ၆ လအထိ ပြုလုပ်ပေးရမည်။ ဤသို့ဆောင်ရွက်ပေးခြင်းအားဖြင့် မြေဆွေးပုံအတွင်း ပါဝင်သော အရာဝတ္ထုပစ္စည်းများ ကောင်းစွာရောနှော သမသွားပြီး ဆွေးမြေ့မှုကိုလည်း မြန်စေပါသည်။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြသည်”