အမေရိကန်နိုင်ငံ Delaware မြစ်အတွင်း ဓာတုယိုစိမ့်မှုဖြစ်ပွါးမှုကြောင့် ရေသန့်ဘူးတွေ ပြတ်လပ်

အမေရိကန်နိုင်ငံ၊ Delaware မြစ်မှာ ဓာတုပစ္စည်းယိုဖိတ်မှုတွေကြောင့် အာဏာပိုင်တွေက မြို့တော်ဘုံပိုင်ရေကို စိတ်မချရဘူးလို ပြောဆိုခဲ့တဲ့နောက် Philadelphia မြို့မှာရှိတဲ့ စတိုးဆိုင်တွေမှာ ရေဘူးတွေ ကုန်စင်တဲ့အထိဖြစ်နေပါတယ်။ ထိတ်လန့်နေတဲ့ ဒေသခံတွေဟာ သောက်သုံးရေမပြတ်လပ်စေဖိုအတွက် အလုအယက်ဝယ်ယူခဲ့ကြရတာပါ။

အရေးပေါ်အသုံးပြုဖို့ ရေကို ၂ရက်ကြာ သိုလှောင်ထားဖို့အထိ အာဏာပိုင်တွေက အကြံပြုထားပါတယ်။ ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ရေသန့်ဘူးဝယ်ရန်အတွက် စတိုးဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းနေတဲ့ မြင်ကွင်းတွေနဲ့ ရေဘူးတွေမရှိတော့တဲ့ စင်တွေကို ပြသထားမှုတွေက အများအပြားရှိနေခဲ့ပါတယ်။