ကျိုင်းကိုင် မက်ဆီ

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဌက မက်ဆီအား “တောင်အမေရိက နဲ့ ကမ္ဘာ့ဘောလုံး တို့ရဲ့ အမည်နာမတော် အောက်ကနေ ဒီကနေ့မှာ မင်းကို ကမ္ဘာ့ဘောလုံးရဲ့ ဦးဆောင်ကွပ်ကဲသူ အဖြစ် ချီးမြှောက်လိုက်တယ်” ဆိုပြီး ကျိုင်းအား ချီးမြှင့်ခဲ့ပါတယ်။

မက်ဆီ ဟာ မနေ့ညပိုင်းက တောင်အမေရိက ဘောလုံး အဖွဲ့ချုပ်ရဲ့ ဂုဏ်ပြုပွဲကို တက်ရောက်ခဲ့ပါတယ်။

ဒီပွဲမှာ CONMEBOL အဖွဲ့ချုပ်ဟာ မက်ဆီ ကို ပုံစံတူရုပ်တု ၊ အဖွဲ့ခေါင်းဆောင် ကျိုင်းတုတ် တို့ကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းပဲဖြစ်ပါတယ်။

SportsMyanmar