လီဗာပူးပွဲနဲ့လွဲသွားတဲ့ အင်္ဂလန်လက်ရွေးစင် မန်စီးတီးပလေယာ ဖိုဒန်

အင်္ဂလန်လက်ရွေးစင် မန်စီးတီးပလေယာ ဖိုဒန် ကတော့ အူမကြီးရောဂါတမျိုးကို ခွဲစိတ်
ကုသမှုရလို့ လာမယ့်အပတ် လီဗာပူးပွဲလွဲသွားပါပြီ၊ အင်္ဂလန် လက်ရွေးစင်အသင်းမှာ စုစည်း
လေ့ကျင့်နေရင်း ဖြစ်သွားတာပါ။

မနေ့က (ဆန်းဒေးမှာ) ဗိုက်အောင့်လာလို့
ဆေးရုံတင်လိုက်ရတာ ဖြစ်ပြီး၊ အရေးပါ်ခွဲစိတ်မှု
လုပ်လိုက်ရတာပါ၊ ခွဲစိတ်ကုသမှုကို လန်ဒန်မှာ
လုပ်ခဲ့ပေမယ့် အခုတော့ မန်စီးတီးအသင်းဆီ
ပလေယာ ပြန်ရောက်ပါပြီ၊ လီဗာပူး လွဲတာတော့
သေချာနေပြီး ဘယ်နှရက် နားရမယ်ဆိုတာ
အတိအကျ မပြောနိုင်သေးပါဘူး၊ လက်ရှိ
ကာလလို မန်စီးတီးအသင်းပွဲကြပ်နေတဲ့ အချိန်
ဖိုဒန်ကို ဆုံးရှုံးရတာ တကယ့်နစ်နာမှုပဲ၊
မန်စီးတီးက ဧပြီလထဲမှာ ၉ ပွဲတိတိ ကစားရမှာ
ဖြစ်ပြီး၊ ဘိုင်ယန်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲ၊
အာဆင်နယ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲတွေ
ရှိပါတယ်။

ဖိုဒန်ဟာ အီတလီကို အနိုင်ရတဲ့ အင်္ဂလန်အသင်းမှာ
လူစားဝင် ပလေယာအဖြစ် ခဏသာ ကစားခွင့်
ရတာဖြစ်ပါတယ်။

CRD;