ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်မိသားစုမှ ကျွန်းရွှေဝါနှစ်ထပ် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်

(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသ ကြီး၊ ကျွန်းစုမြို့နယ်၊ ပထက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်မိသားစုမှ အလျား ၂၄၀၊ အနံ ၃၀ ပေ၊ အမြင့် ၂၄ ပေရှိ  စာသင်ခန်း ၁၈ ခန်းပါ ကျွန်းရွှေဝါ နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ပြုလုပ်ရာ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

         တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထက်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းသို့ ကွန်ပျူတာ ၁၀ စုံ၊ တိုင်းမှူးက ကွန်ပျူတာ ၅ စုံနှင့် ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်မိသားစုမှ ငွေကျပ် ၅၂၃ သိန်းတန်ဖိုးရှိ ကျောင်း သုံး ပရိဘောဂပစ္စည်းများနှင့် စေတနာရှင်အလှူရှင်များက အလှူငွေ၊ ကျောင်း ဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းခန်းများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။