အောင်မြေသာစံမြို့နယ်တွင် ဖုန်းအားသွင်းထားရာမှ မီးလောင်မှုဖြစ်ပွား

မတ် ၂၈ရက်နေ့ မွန်လွဲ ၁၂ နာရီ ၆ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက် ၄၀နေ ဦးအောင်ခင်စိုး၊၅၃နှစ်၊(ဘ)ဦးသောင်းညွန့်၊(မဟာမြတ်မုနိဘုရားကြီး၊ဂေါပကအဖွဲ့ဝင်)၏ နေအိမ်အပေါ်ထပ်ရှိ အိပ်ယာပေါ်တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး အိပ်ယာသို့ကူးစက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို မီးသတ်တပ်ဖွဲဝင်များ ရောက်ရှိငြိမ်းသတ်မှုကြောင့် မွန်လွဲ ၁၂ နာရီ ၁၃ မိနစ်အချိန်တွင် မီးထိန်းနိူင်ခဲ့ပြီး ၁၂ နာရီ ၂၂ မိနစ် အချိန်တွင် မီးငြိမ်းသတ်နိူင်ခဲ့ကြောင်း သိရှိရပါသည်။

မီးလောင်မှုကြောင့် နံကပ်၊ပျဥ်ထောင် ၂ထပ်အိမ် ၄လုံး၊မြေစိုက်၊ထရံကာ၊သွပ်မိုး၊၁ထပ်၊၁လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုးမှာ ၉၇၀၀၀၀၀ ကျပ်ဖြစ်ကြောင်း သတင်းရရှိပါသည်။