တပ်မတော်နေ့တွင် ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် စီစဉ်ခဲ့သည့် နေပြည်တော် PDF အကြမ်းဖက်များအား ဖမ်းဆီးရမိ

တပ်မတော်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် စီစဉ်ခဲ့သည့် နေပြည်တော် PDF အကြမ်းဖက်များအား ဖမ်းဆီးရမိခဲ့ပါတယ်။ တရားခံ ၂ ဦးနှင့်အတူ ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံး ထိပ်ဖူး ၂ ခု၊ ဆားကစ်ပြား ၂ ခု၊ remote ၁ ခု၊ ပစ္စတိုအပစ်လက်ကိုင် ၁ခု၊ မှန်ပြောင်း ၁ လက်၊ MG -1 လက်ပစ်ဗုံး ၁ လုံး၊ စနက်တံ ၄ ခု၊ လပ်လုပ်မိုင်း ၁ လုံး ၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ ၅ ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ သေနတ်လွယ်ကြိုး ၁ ချောင်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပါတယ်။