မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

ဆန္ဒတွေကို ထိန်းချုပ်ပါ

ဘယ်သူ့ကိုမှ
ကိုယ်ဖြစ်ချင်တဲ့အတိုင်း
ဖြစ်စေချင်လို့ မရတာကိုက တရားပါ။

ကိုယ်ပြောတဲ့စကားတိုင်း
မေတ္တာ,စေတနာတွေ
ထည့်ချင်သလောက်ထည့်
နားထောင်သူက တန်ဖိုးသိမှ လက်ခံမှာပါ။

ကိုယ့်ဆန္ဒအတိုင်း
သူမလုပ်လို့လည်း စိတ်ဆိုးစရာမလိုဘူး
ကိုယ့်ဆန္ဒတောင် အမြဲတမ်း
ကိုယ်တိုင်လိုက်ပြီး မလုပ်နိုင်ဘူးလေ။

ဒါ့ကြောင့်…
ကိုယ့်ဆန္ဒအတိုင်း
ဘယ်သူ့ကို
ဘယ်လိုဖြစ်စေချင်တာတွေ
လျှော့ချပါ။ အရှိတိုင်းလေး လက်ခံပါ။

လိုချင် ဖြစ်ချင်တာတွေ
ဆန္ဒတွေကို ထိန်းချုပ်ပြီး
ဖြစ်တည်တဲ့ဘဝ
အကုသိုလ်ကင်းအောင်နေထိုင်ရှင်သန်ပါ။

ဆန္ဒတွေကို
ထိန်းချုပ်နိုင်ရင် ချမ်းသာပါတယ်။

စိတ်နှလုံးအေးချမ်းကြပါစေ

🙏#အရှင်နန္ဒိယ(သာကီနွယ်)🙏