မင်းကင်းမြို့နယ်၊ ကဗျစ်ကျေးရွာအနီး ချင်းတွင်းမြစ် အတွင်း PDF များ၏ တရားမဝင်ရွှေမျောများအား သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကဗျစ်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း PDF အမည်ခံ အကြမ်းဖက်သမားသည် ၎င်းတို့၏ အကျိုးစီးပွားအတွက် တရားမဝင် ရွှေ​မျော လုပ်ငန်းများအား ကိုယ်တိုင်သော် လည်းကောင်း၊ နောက်ကွယ်ကသော် လည်းကောင်း လုပ်ကိုင်ဆောင်ရွက်နေ ကြောင်း နယ်မြေခံပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ရွှေမျောဖောင်များနှင့် ဆက်စပ်ပစ္စည်းများ ကာလတန်ဖိုး ၁၁,၀၅၃,၄၄၀,၀၀၀ ကျပ် (သိန်းပေါင်း တစ်သိန်းတစ်သောင်းကျော်) အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကဗျစ်ကျေးရွာနှင့် ဖရုံကာကျေးရွာကြားတွင် ဖော်ပြပါအတိုင်း တရားမဝင်ရွှေမျှောများ သိမ်းဆည်းရမိခဲ့-

  • ရွှေမျောဖောင် ၁၆ ဖောင်
  • အင်ဂျင်( ၈ လုံးထိုး) ၁၆ လုံး
  • ရေခရု(အကြီး) ၁၆ လုံး
  • သံပိုက်လုံး(အချင်း ၄ လက်မ အရှည် ၂၀ ပေ )၇ လုံး
  • သံပိုက်လုံး(အချင်း ၈ လက်မ အရှည် ၂၀ ပေ ) ၂၄ လုံး
  • သံပိုက်လုံး(အချင်း ၁၀ လက်မ အရှည် ၂၀ ပေ) ၁၈ လုံး
  • ကော်ပိုက် လုံး(အချင်း ၈ လက်မ အရှည် ၂၀ ပေ) ၆ လုံး
  • ကော်ပိုက်လုံး(အချင်း ၁၀ လက်မ အရှည် ၂၀ ပေ)၁၃ လုံး
  • သံပေပါ(အခွံ) ၂၆၄ လုံး
  • သံပေပါ (ဆီအပြည့်) ၉ လုံး
  • ဘက္ထရီအိုး(အကြီး) ၂၆ လုံး
  • တဲ ၃၅ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ၎င်းနေရာအနီးဝန်းကျင်သို့ ထပ်မံရှင်းလင်းခဲ့ရာ

  • ရွှေမျောဖောင် ၁၉ ဖောင်
  • အင်ဂျင်( ၈ လုံးထိုး) ၁၉ လုံး
  • ရေခရု(အကြီး) ၁၉ လုံး
  • မျောစင် ၁၉ စင်
  • သံပိုက်လုံး (အချင်း ၄ လက်မ အရှည် ၂၀ ပေ ) ၁၂ လုံး
  • သံပိုက်လုံး(အချင်း ၈ လက်မ အရှည် ၂၀ ပေ ) ၃၂ လုံး
  • သံပိုက်လုံး(အချင်း ၁၀ လက်မ အရှည် ၂၀ ပေ) ၂၁ လုံး
  • ကော်ပိုက်လုံး(အချင်း ၈ လက်မ အရှည် ၂၀ ပေ) ၉ လုံး
  • ကော်ပိုက်လုံး(အချင်း ၁၀ လက်မ အရှည် ၂၀ ပေ) ၁၆ လုံး
  • သံပေပါ (အခွံ) ၁၈၀ လုံး
  • သံပေပါ(ဆီအပြည့်) ၁၁ လုံး
  • ဘက္ထရီအိုး(အကြီး) ၁၉ လုံး
  • တဲ ၄၁ လုံးတို့အား တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

နောက်ရက်တွင် ၎င်းကျေးရွာအနီး အသေးစိတ် ထပ်မံရှင်းလင်းခဲ့ရာ-

  • ရွှေမျှောဖာင် ၇၅ ဖောင်
  • အင်ဂျင် ၈ လုံးထိုး ၇၅ လုံး
  • ရေခရုအကြီး ၇၅ လုံး
  • မျောစင် ၇၅ စင်
  • သံပိုက်လုံး အရှည် ၉၀၄ လုံး
  • ကောပိုက်လုံး ၃၈၇ လုံး
  • ဘတ္ထရီအိုး အကြီး ၁းရွာအနီ
  • ဆီပေပါ (အခွံ) ၁၅၀၇ လုံး
  • ဆီပေပါ ၂၀ လုံး
  • တဲ ၈၆ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ မင်းကင်းမြို့နယ်၊ ရှမ်းတောကျေးရွာအနီးတွင် မတရားမဝင် ရွှေမျှောဖောင်များဖြင့် လုပ်ကိုင်နေကြောင်း အမာခံများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက် ရှင်းလင်းခဲ့ရာ –

  • ရွှေမျှောဖောင် ၃၁ ဖောင်
  • အင်ဂျင် (၈လုံးထိုး) ၃၁ လုံး
  • ရေခရု(အကြီး) ၃၁ လုံး
  • မျောစင် ၃၁ စင်
  • သံပိုက်လုံး ၂၃၆ ချောင်း
  • ကော်ပိုက်လုံး ၄၂ လုံး
  • ဘတ္ထရီအိုး ၆၂ လုံး
  • ဆီပေပါ အခွံ ၂၂၁ လုံး
  • ဆီပေပါ ၁၅ လုံး
  • တဲ ၁၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။