“အင်းလေးရေပေါ်သင်္ကြန် ဒီနှစ်မှာ ပြန်လည်ကျင်းပမည်ဖြစ်ပြီ ပုံမှန်ထက် စည်ကားနိုင်ကြောင်း ခန့်မှန်းထား”

ယခုနှစ်တွင် အင်းလေးရေပေါ်သင်္ကြန်ကို ပြန်လည်ကျင်းပသွားမည်ဖြစ်ပြီး ပုံမှန်ထက် စည်းကားနိုင်ကြောင်း ခန့်မှန်းထားသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှသိရသည်။

“ပုံမှန်အားဖြင့် ဒီကခရီးသည်တွေက ရေပေါ်သင်္ကြန်ရှိတဲ့အချိန်ကို သွားကြတာများပါတယ်။ ဒါ့အပြင် သူ့ရဲ့ဒေသတွင်းခရီးသွားတွေက အင်းလေးဒေသရဲ့ သင်္ကြန်ကိုလာလေ့ရှိပါတယ်။ ဒီနှစ်ရေပေါ်သင်္ကြန်ကတော့ စည်ကားမဲ့အနေအထားတော့ရှိတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်နောင်ဟန်က ပြောကြားကြောင်း Popular News က ဖော်ပြသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြိုနယ်၊ အင်းလေးဒေသ နန်းပန်ကျေးရွာအနီးရှိ ရေပြင်တွင် ၂၀၁၉ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် စတင်ကျင်းပခြင်းဖြစ်ပြီး၊ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အများဆုံးလာရောက်လေ့ရှိကြောင်း သိရသည်။