၂၆-၃-၂၀၂၃ ရက်နေ့ ထူးခြားသတင်းများ

-BGF နှင့် အကြမ်းဖက် KTLAအဖွဲ့တို့ ငါးတိုင်စခန်းတွင် တိုက်ပွဲပြင်းထန်နေပြီး တပ်မတော်က လေကြောင်းပစ်ကူပေးလျှက်ရှိ

-ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲကျေးရွာနှင့် ဇီးတောကျေးရွာကြားတွင် PDF များ မှ ခရီးသည်ယာဉ် ၁ စီးအား မိုင်းဆွဲတိုက်ခိုက်သဖြင့် သံဃာတော် ၁ ပါး၊ အပြစ်မဲ့ ပြည်သူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို ထိခိုက်ဒဏ်ရာရရှိခဲ့

– မြဝတီကုန်သွယ်ရေးဇုန်တွင် အကြမ်းဖက်များလာရောက်ပစ်ခတ်သောကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး X-Ray စက်နှင့်အဆောက်အဦးတို့ မီးလောင်ပျက်စီး

– ချမ်းအေးသာစံမြို့နယ်၌ စက်သုံးဆီများကို လိုင်စင်မရှိဘဲ တရားမဝင်ရောင်းချ နေသည့် ဆိုင် ၄ ခုကို တာဝန်ရှိသူများမှ ဖော်ထုတ်ဖမ်းဆီးခဲ့

-khit thit media မှ ဖြစ်ရိုးဖြစ်စဉ်တိုက်ပွဲများကြားက သတင်းများကိုအခြေခံပြီး တပ်မတော်သားများ အများအပြားကျဆုံးနေသည်ဟု သတင်းမှားများ ရေးသား ဖြန့်ချိလျက်ရှိ

– ရွှေကူမြို့နယ်၊ နန့်လန်ကျေးရွာဘုန်းတော်ကြီးကျောင်းအား  Drop Bomb ၃ လုံးဖြင့်တိုက်ခိုက်ခဲ့သဖြင့် ဉီးကုမာရ သက်တော်(၇၁နှစ်)၊ဝါတော်(၄ဝါ) ညာလက်၊ ညာပါးဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီးကျောင်းဆောင်အဆောက်အဉီအမိုးနှင့်နံရံများဗုံးစထိမှန်ပျက်ဆီးခဲ့။

-အလုပ်ရှာဖွေသူများကို အလုပ်ရှင်များနှင့် One Stop Service ဖြင့် တိုက်ရိုက်တွေ့ဆုံပြီး အလုပ်အကိုင်များရရှိနိုင်ရန် အလုပ်အကိုင်အခွင့် အလမ်း ပြပွဲ(Job Fair) ကျင်းပ

-တာချီလိတ်မြို့နယ်တွင် စောင်နှင့်ပတ်ပြီး စွန့်ပစ်ထားသည့် အမည်မသိအမျိုးသား ရုပ်လောင်းတစ်လောင်းတွေ့ရှိ

-ရန်ကုန်တိုင်းဒေသကြီးတွင်  ဧပြီ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ YBS ခရီးသည်တင် ယာဉ်လိုင်းပေါင်း ၆၀ ကျော်မှ ခရီးသည်တင်ယာဉ်အစီးရေ ၁၀၀၀ ကျော်ပြေးဆွဲပေးမည်

-KNU အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အရပ်သား လူငယ်တစ်ဦး သေဆုံး

– ပဲခူး ရွှေမော်ဓောဘုရားပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ

– အပူရှိန်မြင့်တက်မှုကြောင့် မတ်လအတွင်း ရုတ်တရက်သေဆုံးမှုတွေကြုံနေရ

-လွိုင်ကော်မြို့ပေါ်ရပ်ကွက်ရှိ တိုက်ပွဲရှောင်နေရာများသို့ အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိ

– ဘီလာရုစ့်နိုင်ငံမှာ နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားဖို စီစဉ်နေပြီ Russia-Ukarine အရေးအခင်းမှသည် WW-lll Nuclear စစ်ပွဲဆီသို့ ဦးတည်လာနေ

-ဒေါ်လာ၏ ရပ်တည်မှုကိုပိုမိုခြိမ်းခြောက်လာပြီး နိုင်ငံတကာငွေကြေး အဖြစ် ပိုမိုရောက်ရှိလာသည့် တရုတ်ယွမ်ငွေကြေး

-ရုရှားထိန်းချုပ်မှုအောက်ရှိ ယူကရိန်းနယ်မြေများဝန်းကျင်၌စစ်မဲ့ကြားခံဇုန်များ ထားရှိရန် ရုရှားအစိုးရဆန္ဒရှိ

-အမေရိကန်၌ ချောကလက်စက်ရုံပေါက်ကွဲပြီး ၂ ဦးသေဆုံး၍ ၉ ဦးပျောက်ဆုံးနေ

-ဗြိတိန်ဘုရင် ချားလ်-၃ ၏ပြင်သစ်ခရီးစဉ်အား နိုင်ငံအတွင်းဆန္ဒပြပွဲများကြောင့် ဖျက်သိမ်းခဲ့ရ

-ယူရိုခြေစစ်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံးကစားသမားအဖြစ် အီဘရာဟီမိုဗစ်ချ်မှတ်တမ်းဝင်

-မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကသားများကို ဆန်၊ဆီနှင့် စားသောက်ကုန်များ ပံ့ပိုးပေးသွားမည်

-တူရကီနိုင်ငံက ပြည်တွင်းထုတ် AzabKamikaze တိုက်ခိုက်ရေး ဒရုန်းကို ထုတ် ဖော်ပြသခဲ့

-အင်ဒိုနီးရှားနိုင်ငံတွင် Ili Lewotolok မီးတောင်ပေါက်ကွဲမှုဖြစ်ပွားပြီး တတိယအဆင့် သတိပေးချက်များထုတ်ပြန်