ကြက်ဥတစ်လုံး ၂၅၀ဖြစ်ချိန် ငွေ ၅သောင်းနဲ့ ဘဝရင်းနေရတဲ့ CDM တွေရဲ့ ဘဝ

CDM သမား ၇၈ ယောက်စာအတွက် သုံးဆယ့်ကိုးသိန်းဆိုတော့ တစ်ယောက်ကို ၅ သောင်း၊ ဒါတောင် လတိုင်းရသလားဆိုတော့လည်းမဟုတ်၊ လူတိုင်းရသလားဆိုတော့လည်းမရ၊
တစ်နှစ်လုံးနေမှ တစ်ခေါက်လောက်ရတာ…. တချိုဆို ဒီနေ့ဒီအချိန်အထိ ထောက်ပံ့ကြေးတစ်ခါတောင် ရဖူးတာမဟုတ်ဘူး…. အစိုးရဝန်ထမ်းဘဝမှာ အောက်ခြေဝန်ထမ်းတွေအတွက်တောင် အနိမ့်ဆုံးလစာက သိန်းကျော်တယ်…. ဒါတောင် နေစရာအိမ်တို၊ ပင်စင်လစာတိုလို အကျိုးခံစားခွင့်တွေမပါသေးဘူး…. မင်းတိုရဲ့အလုပ်အကိုင်၊ မင်းတိုရဲ့ရာထူး၊ မင်းတိုရဲ့ကြိုးစားအားထုတ်မှုတွေအတွက် ပြန်ရလိုက်တာ တန်ရဲ့လား…. မင်းတိုကို မြှောက်ပေးခဲ့တဲ့သူတွေက နိုင်ငံခြားမှာ ဒူးနှန့်နေတဲ့အချိန် မင်းတိုကတော့ တစ်လ ၅ သောင်းလောက်နဲ့ စားသောက်နေရတဲ့ဘဝမှာ ပျော်ရဲ့လား… စဉ်းစားကြပေါ့ကွာ…