ဖြစ်ရိုးဖြစ်စဉ်တိုက်ပွဲများကြားက ပုံကြီးချဲ့သတင်းအမှားများ


ယခုရက်ပိုင်းအတွင်း ကယားပြည်နယ်မှာ တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု များပြားနေကြောင်း ကျဆုံးအင်အား အလွန်အကျွံဖော်ပြပြီး ထပ်ခါတလဲလဲ ထုတ်လွှင့်မှုတွေ မြင်တွေ့နေရပါတယ်..
ထုံစံအတိုင်းပဲ ဖြစ်စဉ်ရှိတဲ့ အမှန်သတင်းကို သူတိုလိုရာ ပုံဆွဲပြီး ကိန်းဂဏန်းတွေ ဖောင်းပွစွာနဲ့ ဓာတ်ပုံအဟောင်းတွေ ရောနှောသုံးပြီး ဝါဒဖြန့်နေကြတာကို မြင်တွေ့နေရပါတယ်…
တပ်မတော်နေ့နီးလာတဲ့အတွက်ကြောင့် အကြမ်းဖက်သောင်းကျန်းသူတွေက မြို့ရွာတွေကို လုံခြုံရေးအလစ်အငိုက်ယူတိုက်ခိုက်ခြင်း၊ အင်အားနည်းစခန်းတွေကို သာလွန်အင်အားနဲ့တိုက်ခိုက်ခြင်း၊ မြိုပေါ်ဖောက်ခွဲရေးတွေ ပြုလုပ်ခြင်းတွေဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တိုက်ပွဲပုံစံတွေသာဖြစ်ပါတယ်…
တပ်မတော်ဘက်ကလည်း ဒီလို အခါကြီးရက်ကြီးတွေမှာ ဒါမျိုးတွေ ဖြစ်နေကြမို လုံခြုံရေးအရတပ်လှန့်ပြီး ပစ်ကူ၊ စစ်ကူအပါအဝင် လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ထားတာကိုလည်း မြင်တွေ့ကြရမှာဖြစ်ပါတယ်..
ဒါကြောင့် တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေပေမဲ့ စကစကို ဆန့်ကျင်နေတဲ့ သတင်းမီဒီယာတွေကတော့ PDF ဒူးပြဲ၊ စတပ်မတော်ဘက်က နေ့စဉ် ရာနဲ့ချီပြီး ထိခိုက်ကျဆုံးသတင်းဖော်ပြမှုတွေဟာ ရိုးရိုးလေး စဉ်းစားကြည့်တာနဲ့ အမှန်အမှား အလွယ်တကူခွဲခြားသိနိုင်ပါတယ်…
အကျိုးဆက်ကတော့ PDF တွေ အကျအဆုံးအလွန်များပြားနေပေမဲ့ ငါတိုနိုင်နေပြီဆိုတာကို တောထဲက PDF လေးတွေက ယုံကြည်နေဆဲဖြစ်ပါတယ်…