မန္တလေးမြို့က စက်သုံးဆီ တရားမဝင်ရောင်းချသူတွေကို ဖမ်းလိုက်ပြီ”

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ စက်သုံးဆီများကို လိုင်စင်မရှိဘဲ တရားမဝင်ရောင်းချနေသည့် ဆိုင် ၄ ခုကို မတ်လ ၂၃ ရက်တွင် တာဝန်ရှိသူများမှ ဖော်ထုတ်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမဝင်ဆိုင်များသည် ချမ်းအေးသာစံမြို့နယ်၊ လမ်း ၇၀ နှင့် ၃၂ လမ်းထောင့်၊ ၈၉ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ လမ်း၉၀၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ၃၃ လမ်းနှင့် ၈၈ လမ်းထောင့်တို့တွင် ရောင်းချနေခြင်းဖြစ်သည်။

ယင်းဆိုင်များမှ 92 ၊ 95 ဆီများ၊ ဘတ္ထရီသုံးစက်သုံးဆီပန့်၊ သုံးဘီးဆိုင်ကယ်များ၊ စက်သုံးဆီချင်တွယ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။