နယူးဇီလန်က တောင်တရုတ်ပင်လယ်ကြား တင်းမာမှုများအတွက် စိုးရိမ်မှုများ မြင့်တက်နေ

နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး နာနာရီမာဟူတာဟာ တရုတ်နိုင်ငံ ဘေဂျင်းကို လာရောက်လည်ပတ်မှု အပြီး ထိုင်ဝမ်ရေလက်ကြားမှ တင်းမာမှုတွေအပေါ် စိုးရိမ်ကြောင်း မတ်လ ၂၅ ရက်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ရှင်းဂန် နဲ့ တွေ့ဆုံစဉ် မာဟူတာက ရှီကျင်းရှိ လူ့အခွင့်အရေးအခြေအနေနဲ့ ဟောင်ကောင်ရှိ အခွင့်အရေးများနဲ့ လွတ်လပ်ခွင့်များ ပျက်စီးယိုယွင်းမှုများနဲ့ ပတ်သက်ပြီး နယူးဇီလန်ရဲ့ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများကို သတိပြုမိကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
မာဟူတာက တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများနဲ့ ထိုင်ဝမ်ရေလက်ကြား တင်းမာမှုများ တိုးလာနေခြင်းအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ ရုရှားရဲ့ အဓိက မဟာမိတ်နိုင်ငံဖြစ်ပေမယ့် မာဟူတန်ရဲ့ တရုတ်နိုင်ငံသို့ လာရောက်တဲ့ လေးရက်ကြာ ခရီးစဉ်မှာ တရုတ်ထိပ်တန်း သံတမန် ဝမ်ယိအပြင် စီးပွားရေးနဲ့ အမျိုးသမီး ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

နယူးဇီလန်ဟာ အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်နဲ့ ကနေဒါတို့ ပါဝင်တဲ့ Five Eyes ထောက်လှမ်းရေး မျှဝေရေး မဟာမိတ်အဖွဲ့မှာ တရုတ်နိုင်ငံအပေါ် သဘောထားပျော့ပျောင်းစွာ ရှုမြင်ခဲ့တာဟာ ကြာပါပြီ။ သို့သော် တရုတ်နဲ့ ဆော်လမွန်ကျွန်းစုတို့ လုံခြုံရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် လွန်ခဲ့တဲ့နှစ်အတွင်း တောင်ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ တိုးပွားလာနေသော လုံခြုံရေးနဲ့ တရုတ် တည်ရှိနေမှုအပေါ် နယူးဇီလန်ရဲ့ ရှုမြင်မှု တင်းမာလာခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ စစ်ရေးတည်ဆောက်မှုများကြား နယူးဇီလန်ဟာ ပစိဖိတ်ဒေသရဲ့ အလားအလာရှိသော စစ်ရေးတင်းမာမှုအပေါ် စိုးရိမ်ပူပန်ကြောင်း တစိုက်မတ်မတ် ဖော်ပြခဲ့ပါတယ်။

NP News ရောင်နီ