အလုပ်အကိုင်များရရှိနိုင်ရန် အလုပ်အကိုင်အခွင့် အလမ်းပြပွဲ(Job Fair) ကျင်းပ”

“အလုပ်ရှာဖွေသူများကို အလုပ်ရှင်များနှင့် One Stop Service ဖြင့် တိုက်ရိုက်တွေ့ဆုံပြီး အလုပ်အကိုင်များရရှိနိုင်ရန် အလုပ်အကိုင်အခွင့် အလမ်းပြပွဲ(Job Fair) ကျင်းပ”

အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အလုပ်ရှာဖွေသူများကို အလုပ်ရှင်များနှင့် One Stop Service ဖြင့် တိုက်ရိုက်တွေ့ဆုံပြီး အလုပ်အကိုင်များရရှိနိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ(Job Fair)ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်၌ ကျင်းပခဲ့သည်ဟု သိရသည်။

အခမ်အနားတွင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အမှာစကား ပြောကြားရာ၌ အလုပ်လုပ်နိုင်သည့် အရွယ်ရောက် သူတိုင်းသင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ရရှိစေရေး ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်ပေးရန်အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် Stakeholders များ အားလုံးလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။